မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်ပခရီးစဉ်များအတွက် လေယာဉ်မထွက်မီ သုံးနာရီအလိုတွင် Check-in Counter ဖွင့်လှစ်ပြီး ၄၅ မိနစ်အလိုတွင် ကောင်တာပိတ်ကြောင်း ခရီးသည်များအားသတိပေးချက်ထုတ်ပြန်ထား

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်ပခရီးစဉ်များအတွက် လေယာဉ်မထွက်မီ သုံးနာရီအလိုတွင် Check-in Counter ဖွင့်လှစ်ပြီး ၄၅ မိနစ်အလိုတွင် ကောင်တာပိတ်ကြောင်း ခရီးသည်များအားသတိပေးချက်ထုတ်ပြန်ထား
Published 20 February 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်ပခရီးစဉ်များအတွက် လေယာဉ်မထွက်မီ သုံးနာရီအလိုတွင် Check-in Counter အားဖွင့်လှစ်ပြီး ၄၅ မိနစ်အလိုတွင် ကောင်တာပိတ်ကြောင်း ခရီးသည်များအား သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက မန္တလေး-ချင်းမိုင်ခရီးစဉ်ကို ၂၀၂၃ ခုနှစ် မတ် ၂ ရက်မှစတင်ကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း အနေဖြင့် မန္တလေး-ချင်းမိုင်ခရီးစဉ်အား အသွားတစ်ကြောင်းစာလျှင် ၁၇၂ ဒေါ်လာမှ စတင်၍လည်းကောင်း၊ အသွား-အပြန် ခရီးစဉ်တစ်ကြောင်းစာအား၂၈၀ ဒေါ်လာမှ စတင်၍လည်းကောင်း ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များဝယ်ယူရာတွင် ခရီးသည်အမည် မှားယွင်းစွာ ဖြည့်စွက်မိခြင်းများအတွက် ပြန်လည်ပြင်ဆင်ခြင်း ပြုလုပ်လိုပါက Request Form တင်၍ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ Request Form တင်၍ ပြောင်းလဲရာတွင် အမည်အပြည့်အစုံ ပြောင်းလဲခြင်းအတွက် ပြည်ပခရီးစဉ်တွင် အမေရိကန်ဒေါ်လာ ၁၀၀၊ ပြည်တွင်းခရီးစဉ်အတွက် မြန်မာကျပ်ငွေ သုံးသောင်း၊ အမည်စာလုံး ပေါင်းပြောင်းလဲခြင်းအတွက် ပြည်ပခရီးစဉ် တွင် အမေရိကန်ဒေါ်လာ ၃၀၊ ပြည်တွင်းခရီးစဉ်အတွက် ကျပ်ငွေ ၁၅၀၀၀ ပေးသွင်း၍ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ် ပျံသန်းနေရာ မိမိစိတ်ကြိုက် ပြင်ဆင်ထားသော ခရီးစဉ်အတိုင်း ပျံသန်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ MNA အနေနဲ့ ပြည်တွင်း နဲ့ ဒေသတွင်းနိုင်ငံတွေကို ဘိုးရင်းနဲ့ ATR လေယာဉ်တွေနဲ့ Charter Flight တွေ ပျံသန်းနေတာဖြစ်ပါတယ်။ ခရီးစဉ်ကိုလည်း စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ခရီးစဉ်အတိုင်း ငှားရမ်းပျံသန်းနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။       

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်သို့ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ပြန်လည်ပျံသန်းခဲ့ရာ မြန်မာနိုင်ငံသားများစီးနင်းမှုပိုမိုခဲ့ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ ATR 72-600 လေယာဉ်မှ Boeing လေယာဉ်များဖြင့် ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီးခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားရာသီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလည်သွားရောက်မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် သုံးကြိမ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေ ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်ကြောင်းစာအား Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချပေးနေသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန် ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီးခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန် ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီးခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန် ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။

Most Read

Most Recent