လျှပ်စစ်မော်တော်ယာဉ်များအတွက် Charging Station များ တည်ဆောက်၍ အဆိုပါ Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲသွားမည်ဖြစ်

လျှပ်စစ်မော်တော်ယာဉ်များအတွက် Charging Station များ တည်ဆောက်၍ အဆိုပါ Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲသွားမည်ဖြစ်
 Ev Chargerများ ထုတ်ပေးနေမှုကို တွေ့ရစဉ်
 Ev Chargerများ ထုတ်ပေးနေမှုကို တွေ့ရစဉ်
Published 16 February 2023

လျှပ်စစ်မော်တော်ယာဉ်များအတွက် Charging Station များ တည်ဆောက်၍ အဆိုပါ Station များအတွက် နေရောင်ခြည် စွမ်းအင်ကို အဓိကသုံးစွဲသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ လျှပ်စစ် မော်တော်ယာဉ်များအတွက် Charging Station များ တည်ဆောက်၍ အဆိုပါ Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲသွားမည်ဖြစ်ပြီး လက်ရှိအချိန်ကာလတွင် ထွက်ရှိလာမည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ချမှတ်ထားသည့် Standard Operation Procedure (SOP) များအတိုင်း နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်းသို့ လျှပ်စစ်သုံးယာဉ်အား သွင်းစက်များ ဒုတိယအကြိမ် ရောက်ရှိလာပြီး နေပြည်တော်သပြေကုန်းစျေး၌ တည် ဆောက်မည့် 60 KW Charging Station အတွက် အားသွင်းစက်များဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက် စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန် မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ်  N.P.K MotorsCo.,Ltd က တရုတ်နိုင်ငံမှတင်သွင်းလာသော Ev Charger 60 KW ငါးစုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိခဲ့သည်။

ယင်းသို့ ရောက်ရှိလာသော Ev Charger များကို အကောက်ခွန်ရှင်းလင်း ခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့သည်။

အဆိုပါ Ev Charger များမှာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် သပြေကုန်းစျေး၌(60 KW Charging Station) တည်ဆောက် ရန်အတွက်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် တည်ဆောက်မည့် Charging Station များအတွက် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ ယခင်ရက်ပိုင်းကရောက်ရှိခဲ့သည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန် မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် တင်သွင်းရောက်ရှိလာသည့် လျှပ်စစ်သုံးမော် တော်ယာဉ်များအား ဓာတ်အား Charging ပြန်လည်ဖြည့်သွင်းနိုင်ရန် ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်ရှိ အမှတ်(၃)တိုးဂိတ်၊ ဖြူးယာဉ်ရပ်နားစခန်း၊ နေပြည်တော် လမ်းဆုံယာဉ်ရပ်နားစခန်းတို့တွင် Charging Station များ တည်ဆောက်နိုင်ရေးအတွက် Earth Renewable Energy ကုမ္ပဏီ အနေဖြင့် တရုတ်နိုင်ငံမှတင်သွင်းလာသည့် Ev Charger 60 KW ငါးစုံနှင့် 200kw နှစ်စုံ စုစုပေါင်းခုနစ်စုံတို့သည် MiTT ဆိပ် ကမ်းသို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရောက်ရှိပြီး ဖေဖော်ဝါရီ ၃ ရက်တွင် Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တွင် (၇)ဆိုင်နှင့် နေပြည်တော် စည်ပင်သာ ယာရေးနယ်မြေအတွင်း (၇)ဆိုင်၊ စုစုပေါင်း (၃၈)ဆိုင်တို့တွင် Charging  ၅၁လုံး တပ်ဆင်ရန် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်သည့်အတွက် စတင်အကောင်အထည်နေပြီဖြစ် ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာချာလီသန်းက ပြောကြား ခဲ့သည်။

Most Read

Most Recent