ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် လုပ်ငန်းသစ် ရှစ်ခု MIC ခွင့်ပြု

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် လုပ်ငန်းသစ် ရှစ်ခု MIC ခွင့်ပြု
Published 14 February 2023

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် လုပ်ငန်းသစ်ရှစ်ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးလိုက်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၄၃ ဒသမ ၆၃၄ သန်းနှင့် ကျပ် ၉၈၀၇၈ ဒသမ ၀၉၄ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၃၇၄ ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။ အစည်းအဝေးက ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်ပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းတို့ဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇန်နဝါရီလကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄၇၆ သန်းကျော်ရှိပြီး စင်ကာပူက ဒေါ်လာ ၁၁၅၇ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင် ဘာလကုန်အထိ ကိုးလအတွင်း မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှု အနေဖြင့် စင်ကာပူနိုင်ငံက ဒေါ်လာ ၁၁၅၄ ဒသမ ၂၈၆ သန်း၊ Belize က ဒေါ်လာ ၁ ဒသမ  ၅ သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်း နှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ တစ်သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုး မြှင့်ခြင်း အပါအဝင် ဒေါ်လာ ၉၅ ဒသမ ၆၂၆ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ခြင်း အပါအဝင် ဒေါ်လာသုံးသန်း၊ ဟောင် ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါ အဝင် ဒေါ်လာ ၁၆၅ ဒသမ ၁၀၈ သန်း၊ အိန္ဒိယ က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင်  ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံက ၂၁ ဒသမ ၄သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင်  ဒေါ်လာ ၅ ဒသမ ၄ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ သုည ဒသမ ၃၈၉ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာခြောက်သန်း၊ ဆွစ်ဇာလန်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၄ ဒသမ ၆၇၇ သန်း၊ U.K က ဒေါ်လာ ၂ ဒသမ ၀၅၆ သန်း၊ Seychelles က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ သုည ဒသမ ၃၃၈ သန်းဝင်ရောက် မြှုပ်နှံထားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်Mini Budget ခြောက်လအတွင်း နိုင်ငံအလိုက် ဝင် ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်း နှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ သုည ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ် လာ သုည ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှား နိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံ က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ် လာ သုည ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ် လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa က ရင်း နှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ နှစ်သန်း၊ Seychelles  ကဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုး မြှင့်ခြင်း အပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ် သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါ အဝင် ဒေါ်လာလေးသန်း၊ U.K က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ သုည ဒသမ ၃၃၅ သန်း၊ နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထားကြောင်း သိရ သည်။

Most Read

Most Recent