ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်ရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၁၉၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ရွှေတစ်ကျပ်သား ကျပ် ၂၈၇၅၀၀၀ ဝန်းကျင်ရှိနေ

ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်ရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၁၉၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ရွှေတစ်ကျပ်သား ကျပ် ၂၈၇၅၀၀၀ ဝန်းကျင်ရှိနေ
Published 13 February 2023

ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်ရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၁၉၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်တွင် ရွှေတစ်ကျပ်သား ကျပ် ၂၈၇၅၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြင်ပစျေးကွက်တွင် ရွှေတစ်ကျပ်သား ကျပ် ၂၈၆၅၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၁၆ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၇၈၅၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ကျပ် ၂၉၉၀ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများမြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများလွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent