တကယ်ဆိုရင် ရပ်ရှ်ဖို့ဒ်ဟာ စာအုပ်တွေနဲ့ အလှမ်းဝေးခဲ့တယ်။ အသက် (၁၇)နှစ်အထိ ကျောင်းသင်ခန်းစာကလွဲပြီး ဘာစာအုပ်မှ ရပ်ရှ်ဖို့ဒ် မဖတ်ဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ရပ်ရှ်ဖို့ဒ်တို့အိမ်မှာ ဖတ်စရာစာအုပ်မရှိသလို၊ ရပ်ရှ်ဖို့ဒ် ရှင်သန်ကြီးပြင်းလာရတဲ့ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်ကလည်း စာအုပ်ဖတ်ချိန်မရအောင် ရုန်းကန်လှုပ်ရှားခဲ့ရတာကြောင့်ပါပဲ။ ရပ်ရှ်ဖို့ဒ်အမေက စားဝတ်နေရေးအတွက် အလုပ် (၃)ခုလုပ်ခဲ့ရတယ်။ တစ်နေကုန်အိမ်မှာ အမေမရှိလို့ ရပ်ရှ်ဖို့ဒ်ရဲ့ ငယ်ဘဝအချိန်အများစုဟာ လမ်းမပေါ်မှာ လွတ်လပ်စွာဘောလုံးကစားရင်း ကုန်ဆုံးနေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စာအုပ်ဆိုတာ ဖတ်ရကောင်းမှန်း ရပ်ရှ်ဖို့ဒ် မသိခဲ့ဘူး။ ဒါကြောင့်လည်း ရပ်ရှ်ဖို့ဒ်က သူ့ရဲ့ငယ်ဘဝမှာ ပုံပြင်တွေမရှိခဲ့ဘူးလို့ ဝန်ခံထားတာပါပဲ။ စာအုပ်တွေရဲ့အဝေးမှာ ငယ်ဘဝ ကို ရှင်သန်ရသူဟာ အရွယ်ရလာတဲ့အခါ စာအုပ်တွေရဲ့ တန်ဖိုးအကြောင်း သိနားလည်ခဲ့လို့ Book Club တည်ထောင်ပေးခဲ့ပါတယ်။ စာအုပ်တွေဟာ ကလေးငယ်တွေရဲ့ အသိညဏ်ကို လင်းပွင့်စေပြီးကျောင်သင်ခန်းစာတွေနဲ့ မတူညီတဲ့ရသကို ပေးစွမ်းတယ်လို့ ရပ်ရှ်ဖို့ဒ် ယုံကြည်ပါတယ်။
ရပ်ရှ်ဖို့ဒ်ရေးတဲ့ စာ၊ ရပ်ရှ်ဖို့ဒ်ဖန်ဆင်းပေးတဲ့ ကလေးငယ်တွေရဲ့ကမ္ဘာ (၂)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
1 hour ago