လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို စိတ်ရှည်သည်းခံမှု၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာရန် MUP တိုက်တွန်း

လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို စိတ်ရှည်သည်းခံမှု၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာရန် MUP တိုက်တွန်း
၂၀၂၂  ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို တွေ့ရစဉ်
၂၀၂၂  ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို တွေ့ရစဉ်
Published 31 January 2023
ဘိုဘိုမြင့်

လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ပါဝင်ပတ်သက်သည့် အင်အားစုများအားလုံးအနေဖြင့် စိတ် ရှည်သည်းခံမှု၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းအရ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေ ရှာရန် မွန်ညီညွတ်ရေးပါတီ  MUP က  (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေ ညာချက်တွင် တိုက်တွန်းထားသည်။

လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ပါဝင်ပတ်သက်သည့် အင်အားစုများအားလုံးအနေဖြင့် စိတ်ရှည် သည်းခံမှု၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း လမ်းအရ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာသည့်နည်းဖြင့် နှစ်ကာလရှည်ကြာ ဖြစ်ပွားနေ သည့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင် ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးကို ရှေးရှုလျက် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကကျသည့် စစ်မှန် သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်  ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအ နက်ထား တိုက်တွန်းကြောင်း MUP ၏ ထုတ် ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး အေးချမ်းသာယာပျော်ရွှင်စွာ နေထိုင်သွား လာနိုင်ရေး၊ လူမျိုးစုအားလုံးတို့ လိုလားတောင့် တနေသော တန်းတူရေးနှင့် ငြိမ်းချမ်းရေး အ တူယှဉ်တွဲနေထိုင်ရေးစသည့်ဆန္ဒများကို အ ထူးအလေးဂရုပြုကြရန်လည်း အရေးကြီးလှ ပေရာ ပါဝင်ပတ်သက်နေကြသည့် အင်အား စု၊ အစုအဖွဲ့အားလုံးတို့က အပတ်တကုတ်ကြိုး ပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြပါ ရန် အလေးအနက်တိုက်တွန်းနှိုးဆော်အပ်ပါ ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။

မွန်တစ်မျိုးသားလုံး၏ တက်ကြွနိုးကြားစိတ်၊ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် နိုင်ငံ ရေးအချိုးအကွေ့ အခက်အခဲအမျိုးမျိုးကြားမှ မွန်အမျိုးသားနေ့ကို စဉ်ဆက်မပြတ် အောင် မြင်စွာ ကျင်းပလာခဲ့ကြသည့် ခေတ်အဆက် ဆက် တာဝန်သိ၊ တာဝန်ရှိ မွန်မိဘပြည်သူ များ၊ ဦးဆောင်တာဝန်ယူခဲ့ကြသော မျိုးချစ် ပုဂ္ဂိုလ်များအား လေးစားဂုဏ်ယူ အသိအမှတ် ပြုရမည်ဖြစ်ကြောင်း (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ မွန်ညီညွတ်ရေးပါတီ၏ ထုတ် ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

သမလ၊ ၀ိမလ မွန်ညီနောင်နှစ်ပါးတို့ ဟံသာဝတီ (ပဲခူး) မင်းနေပြည်တော် စတင် တည်ထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန် အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအ နားကျင်းပလာခဲ့ကြသည်မှာ ကောဇာသက္က ရာဇ် ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ဆိုလျှင် ၇၆ ကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားအား ရန်ကုန်မြို့၌ အကျဉ်းချုံး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent