ကရင်ပြည်နယ် ဘားအံမြို့တွင် ကျူရှင်ဆရာတစ်ဦးနှင့် မွန်ပြည်နယ် ရေးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျူရှင်ဆရာတစ်ဦးနှင့် မွန်ပြည်နယ် ရေးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 30 January 2023

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျူရှင်ဆရာတစ်ဦးနှင့် မွန်ပြည်နယ် ရေးမြို့နယ်တွင် အမျိုးသားနှစ်ဦး ဇန်နဝါရီ ၂၇ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီတွင် ဘားအံမြို့ အောင်ချမ်းသာ (၁)ရပ်ကွက်နေ ဦးအောင်မြင့်မြတ်(၃၈ နှစ်)သည် ကျူရှင်သင်ရာမှ ၎င်း၏နေအိမ်သို့မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ၎င်း၏နေအိမ်ရှေ့အရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသူ နှစ်ဦးက‌ သေနတ်ဖြင့် ပစ်ခတ်ကာထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်မြင့်မြတ်တွင် ဝဲ/ယာလက်နှင့် ဝမ်းဗိုက်တို့၌ ကျည်ထိမှန်ဒဏ်ရာ ၁၃ ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေး ပို့ဆောင်ပေးစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ဇင်ကျေးရွာနှင့် ဝယ်ပေါင်ကျေးရွာအကြား၌ ဝယ်ပေါင်ကျေးရွာဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ် RLG-2 Honda အမျိုးအစားအနီရောင်မော်တော်ယာဉ်အား PDF ငါးဦးခန့်က ‌စောင့်ဆိုင်းကာ သေနတ်ဖြင့ ်ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့်  အဆိုပါယာဉ်ပေါ်လိုက်ပါလာသည့် ကိုစိုးဝင်းထွေး (ခ) ရွှေတိုး (၂၂ နှစ်)နှင့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)တို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

 ထို့အတူ ဇန်နဝါရီ၂၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာနေ ဦးရန်နိုင်(၃၈ နှစ်)သည် အဆိုပါကျေးရွာ၏ အနောက်ဘက်ရှိ လယ်ကွင်းအတွင်းသို့ နွားချေးများသယ်ဆောင်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျေးရွာ၏မြောက်ဘက်သုံးမိုင်ခန့်အကွာ လယ်ကွင်းအနီးအရောက် တစ်ရွာတည်းနေ အောင်စိုးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးရန်နိုင်တွင်  သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပုလောဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Most Read

Most Recent