ဆန္ဒပြမှုများဖြစ်ပွားနေသော်လည်း ရှရွတ်ခန်း၏ စုံထောက်ရုပ်ရှင် Pathaan သည် အိန္ဒိယရုပ်ရှင်ရုံများတွင် စတင်ရုံတင်ပြသချိန်၌ လာရောက်ကြည့်ရှုသူ အများအပြားရှိ

ဆန္ဒပြမှုများဖြစ်ပွားနေသော်လည်း ရှရွတ်ခန်း၏ စုံထောက်ရုပ်ရှင် Pathaan သည် အိန္ဒိယရုပ်ရှင်ရုံများတွင် စတင်ရုံတင်ပြသချိန်၌ လာရောက်ကြည့်ရှုသူ အများအပြားရှိ
Photo: Yash Raj Films
Photo: Yash Raj Films
Published 27 January 2023

ဘာသာရေးဆိုင်ရာအဖွဲ့အချို့က မင်းသား ရှရွတ်ခန်း၏ စုံထောက်လျှို့ဝှက်သည်းဖို ရုပ်ရှင်တွင် ပါဝင်သည့်ဇာတ်ဝင်ခန်းများသည် ညစ်ညမ်းသည်ဟု ထင်မြင်ယူဆပြီး ဆန္ဒပြမှုများ ဖြစ်ပွားနေသော်လည်း ယင်းရုပ်ရှင်ကို ဇန်နဝါရီ ၂၅ ရက်တွင် အိန္ဒိယရုပ်ရှင်ရုံများ၌ ပြသခဲ့ရာ ကြည့်ရှုသူအများအပြားရှိခဲ့ပြီး ဘောလိဝုဒ်၏ ထိပ်တန်းအဖွင့်ရုံတင်ပြသမှု တွင် စံချိန်တင်ခဲ့သည့် ရုပ်ရှင်ကားများတွင် အပါအဝင်ဖြစ်လာခဲ့သည်။

“ဒီရုပ်ရှင်ဟာ စတင်ရုံတင်ပြသချိန်မှာ အားရလောက်အောင် ကြည့်ရှုသူများပြားတာကို မြင်တွေ့ရပြီး ဘောလိဝုဒ်လောကမှာတော့ ဒုတိယအကောင်းဆုံးပါပဲ။ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကို သွားလေ့သွားထမရှိတဲ့ စနေ၊ တနင်္ဂနွေမဟုတ်တဲ့ ကြားရက်တွေမှာတောင်ပေါ့”ဟု ပရိုဂျူဆာတစ်ဦး ဖြစ်သည့် ဂီရစ်ရှ်ဂျိုဟာက ပြောကြားခဲ့သည်။

လေးနှစ်အကြာမှ ရုံတင်ကားကြီးမှာ ပြန်လည်မြင်တွေ့ရသည့်ခန်း၏ Pathaan ရုပ်ရှင်သည် စတင်ရုံတင်ပြသသည့် ပထမရက် အတွင်း လက်မှတ်စောင်ရေ ၅၅၆,၀၀၀ ခန့် ရောင်းချနိုင်ခဲ့ပြီး ဒုတိယအများဆုံးဖြစ်ကာ Baahubali ရုပ်ရှင်ကမူ ပထမဆုံးရုံတင်ပြ သသည့်ရက်တွင် လက်မှတ် ၆၅၀,၀၀၀ စံချိန် တင်ရောင်းချနိုင်ခဲ့သည်ဟု ရုပ်ရှင်ဝေဖန်သူ တာရန်အာဒက်ရှ်က ပြောကြားခဲ့သည်။

“Pathaan ရုပ်ရှင်ကားမှာတော့ခန်းရဲ့ အင်အား၊ စတိုင်၊ စကေး၊ သီချင်းတွေ၊ စိတ်ဝိညာဉ်၊ အနှစ်သာရနဲ့ အံ့အားသင့်ဖွယ်တွေ အားလုံးပါဝင်နေပါတယ်”ဟု အာဒက်ရှ်က Twitter တွင် ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ ၅၀၀၀ တွင် ပြသစဉ်ကြည့်ရှုမှုနှုန်းသည် ၆၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်ပြီး ယင်း သည် ရုပ်ရှင်စတင်ရုံတင်ပြသသည့်နေ့အတွက် ဘောလိဝုဒ်ရုပ်ရှင်လောကတွင် ရှားပါးကြည့်ရှုမှုနှုန်းဖြစ်ပြီး အထူးသဖြင့် သီတင်း ပတ်လယ်အတွက် ကြည့်ရှုမှုနှုန်း အများဆုံးဖြစ်သည်ဟု ဂျိုဟာက ဆိုသည်။

ယင်းရုပ်ရှင်ကို လက်ရှိ၌ ရုပ်ရှင်ရုံ ၈၀၀၀ တွင် ပြသသွားမည်ဖြစ်ကာ ယင်းတို့ထဲမှ ၂၅၀၀ သည် ခန်းကို အမာခံအားပေးနေသည့် ပြည်ပနိုင်ငံများမှ ရုပ်ရှင်ရုံများတွင် ပြသသွားမည်ဖြစ်သည်ဟု အာဒက်ရှ်က ပြောကြားခဲ့သည်။

Most Read

Most Recent