၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံသို့ ပို့ကုန်အများဆုံး တင်ပို့ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၃ ရာခိုင်နှုန်းနီးပါးတင်ပို့

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံသို့ ပို့ကုန်အများဆုံး တင်ပို့ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၃ ရာခိုင်နှုန်းနီးပါးတင်ပို့
 မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
Published 26 January 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံသို့ ပို့ကုန်အများဆုံးတင်ပို့ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၃ ရာခိုင်နှုန်းနီးပါးတင်ပို့ခဲ့ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပထမသုံးလပတ်ဖြစ်သည့် ဧပြီမှဇွန်လအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၉၅၁ ဒသမ ၇၂ သန်းရှိသည်။

ကာလတူဖြစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်ဧပြီမှ ဇွန်အတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပိုု့ကုန်တင် ပို့မှုဒေါ်လာ ၈၉၂ ဒသမ ၆၄ သန်းရှိသည်။

အဆိုပါကာလနှစ်ခုကို နှိုင်းယှဉ်ပါက  ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်ကာလထက် ပို့ကုန် ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်တင်ပို့နိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံး ဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ဒေါ်လာ ၉၄၄ ဒသမ ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ၂၅သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁သန်း၊U.K သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်း တင်ပို့ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ထိုင်းဘက်ကမှသွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၁၃ ဒသမ ၄၈၆ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၅၁၀၉ ဒသမ ၄၇၉ သန်းရရှိထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံစား သောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ရေထွက်ကုန်လုပ်ငန်း ကဏ္ဍ၊သစ်တောထွက်ပစ္စည်းကဏ္ဍ၊ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ၊တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင် ရွက်ခြင်းကဏ္ဍစသည်တို့လည်း ပါဝင်သည် ။

Most Read

Most Recent