လွတ်လပ်သောကုန်သွယ်မှုကို ဖော်ဆောင်ခြင်းဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့်စားနပ်ရိက္ခာဖူလုံရေးဖော်ဆောင်ရန် လိုအပ်ကြောင်း ညွှန်ချုပ်ပြောကြား

လွတ်လပ်သောကုန်သွယ်မှုကို ဖော်ဆောင်ခြင်းဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့်စားနပ်ရိက္ခာဖူလုံရေးဖော်ဆောင်ရန် လိုအပ်ကြောင်း ညွှန်ချုပ်ပြောကြား
ဘင်းမ်စတက်နိုင်ငံများတွင် ဆွေးနွေးပွဲကိုတွေ့ရစဉ်(ဓာတ်ပုံ-MOI)
ဘင်းမ်စတက်နိုင်ငံများတွင် ဆွေးနွေးပွဲကိုတွေ့ရစဉ်(ဓာတ်ပုံ-MOI)
Published 26 January 2023

လွတ်လပ်သောကုန်သွယ်မှုကို ဖော်ဆောင်ခြင်းဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဖော်ဆောင်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဆွေလင်းက  ပြောကြားခဲ့သည်။

တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလားပင် လယ်အော်ဒေသစီးပွားရေးနှင့်နည်းပညာ ဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) ဘင်းမ်စတက်နိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံမှုရှိစေရေးနှင့် စား နပ်ရိက္ခာစနစ်ရေရှည်တည်တံ့စေရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာတွင် ညွှန်ကြားရေးမှူး ချုပ်ဦးကျော်ဆွေလင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ဘင်းမ်စတက်အထွေထွေ အတွင်းရေးမှူးချုပ် Mr.Tenzillekp-hell နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းဦးဆောင်သည့် မြန်မာကိုယ် စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများအပေါ် ကြံ့ကြံ့ခံကျော်လွှားပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်ခဲ့ကြောင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုသာမက စားနပ်ရိက္ခာဖူလုံမှုနှင့် ဆက်စပ်လျက်ရှိသည့် အာဟာရချို့တဲ့မှု၊ နာတာရှည်ရောဂါ၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာရပ်များ လက်ရှိကြုံတွေ့ နေရသော စိန်ခေါ်မှုများအား တုံ့ပြန်နိုင်မှုရှိသည့် မူဝါဒပိုင်းဆိုင်ရာနှင့် စီမံကိန်းများကို အဓိကထားဆောင်ရွက်ရန် လိုအပ်လျက်ရှိ ကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုကို ဖော်ဆောင်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဖော်ဆောင်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်သော ကုန်သွယ်မှုမှတောင်သူလယ်သမားများ အကျိုးအမြတ်ရရှိစေရန် နိုင်ငံအသီးသီးရှိ အစိုးရများအနေဖြင့် အခြေခံအဆောက်အဦများ၊ သုတေသနလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်း၊ စျေးကွက်သေချာမှုရှိစေရေးအတွက် ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ရာသီ ဥတုပြောင်းလဲမှုအပေါ် ကြံ့ကြံ့ခံနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒုတိယအကြိမ် ဘင်းမ်စတက်ဝန်ကြီးအဆင့် အစည်းအဝေး၌အတည်ပြုခဲ့သော ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာစေရေးလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) တွင်ပါရှိသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များအနက် “စားနပ်ရိက္ခာဖူလုံရေးနှင့်အာဟာရဖူလုံမှုဖွံ့ဖြိုးတိုးတက်ရေး”အတွက် ဘင်းမ်စတက်ဒေသတွင်းရှိ တောင်သူများ၏ ထုတ်လုပ်မှုစွမ်းအား တိုးမြင့်လာစေရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

Most Read

Most Recent