KNU ၏ ခရိုင်လေးရိုင်တွင် ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိ

KNU ၏ ခရိုင်လေးရိုင်တွင် ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိ
Published 10 January 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခရိုင်လေးရိုင်တွင် ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးသထူခရိုင်၊ ခလယ်လွီထူခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာခရိုင်များအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များနှင့် တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသောကြောင့် စစ်ဘေးရှောင်ပြည်သူလူထုများမှာ ၎င်းတို့ နေထိုင်ရာကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များအတွင်းသို့ ပြန်လည်နေထိုင်    လုပ်ကိုင်စားသောက်ခြင်းများမရရှိဘဲ အသက်ဘေးလွတ်ရာသို့သာ ထွက်ပြေးတိမ်းရှောင်နေကြရသောကြောင့် စားနပ်ရိက္ခာများ၊ အဝတ်အစားများ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ ဆေးဝါးများအစရှိသည့် လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အကူအညီများ အများအပြားလိုအပ်လျက်ရှိကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၃၀၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂  ခုနှစ် ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲများကြောင့် ဒေသခံ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲများကြောင့် သံဃာနှစ်ပါးနှင့် ဒေသခံသုံးဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent