၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉၁၀ ခုမှ ကျပ် ၂၃၃၄၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍမှ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ကျပ် ၅၁၇၄၈၁၈ ဒသမ ၆၀၈ သန်း၊ အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ကျပ် ၄၈၉၆၆၇၇ ဒသမ ၄၁၇ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ကျပ် ၃၇၆၉၃၄၁ ဒသမ ၅၅၄ သန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ၂၈၀၂၇၇၄ ဒသမ ၀၀၄ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျပ် ၂၄၃၇၅၃၇ ဒသမ ၆၀၅ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၄၅၈၄၉၄ ဒသမ ၂၉၂သန်း၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၁၁၀၄၄၃၉ ဒသမ ၁၅၂သန်း၊ စက်မှုဇုန်ကဏ္ဍတွင် ကျပ် ၈၉၉၈၂၈ ဒသမ ၉၀၀ သန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ၄၃၅၆၅၉ ဒသမ ၉၁၉ သန်း၊ သတ္တုကဏ္ဍတွင် ကျပ် ၂၄၇၀၉၄ ဒသမ ၇၃၆ သန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၁၀၂၁၀၄ ဒသမ ၆၄၁ သန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၅၂၂၃ ဒသမ ၉၅၉ သန်းဖြင့် စုစုပေါင်း ကျပ် ၂၃၃၄၃၉၉၄ ဒသမ ၉၅၉ သန်း ခွင့်ပြုပေးထားကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၈၁ ဘီလျံ ကျော် (၁၈၈၁၄၅၉ ဒသမ ၅၀ သန်း)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၁ ခုမှ ရင်းနှီးမြှုပ်နှံမှုကျပ် ၁၁၇၁ ဘီလျံကျော် (၁၁၇၁၈၀၃ ဒသမ ၈၁ သန်းကျော်) ခွင့်ပြုပေးခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍသည် စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၈၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍမှ ၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍမှ ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့သည်။
ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်သည်။ စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့် တတိယအများဆုံးဖြစ်သည်။










