အွန်လိုင်းတွင် ကြော်ငြာနေသည့် လောင်းကစားဂိမ်းများအား အရေးယူနိုင်ရေးဆောင်ရွက်နေဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောကြား

အွန်လိုင်းတွင် ကြော်ငြာနေသည့် လောင်းကစားဂိမ်းများအား အရေးယူနိုင်ရေးဆောင်ရွက်နေဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောကြား
Published 9 January 2023

အွန်လိုင်းတွင် ကြော်ငြာနေသည့် လောင်းကစားဂိမ်းများအား အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။

အွန်လိုင်းတွင် ကြော်ငြာနေသည့် ငါးပစ်ဂိမ်း၊ စလော့ဂိမ်းကြော်ငြာများကို အရေးယူရန် ရှိ/မရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းတွင် ငါးပစ်ဂိမ်း၊ စလော့ဂိမ်းများ ကြော်ငြာနေသကဲ့သို့ ယင်းကြော်ငြာများတွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ ဘဏ်အကောင့်များနှင့် Pay အကောင့်များကို ဖော်ပြထားကြောင်းနှင့် လောင်းကစားမက်လုံးများကြောင့် လူထုအကြားတွင် ဆိုးကျိုးများရှိနိုင်သည့်အတွက် အရေးယူရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ် “စုံစမ်းဖော်ထုတ်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။

Most Read

Most Recent