ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို ပြည်သူများ အသုံးပြုမှု များပြားလာစေရေးနှင့် ငွေသားသုံးစွဲမှု လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အသိပညာပေးမှုများ နေပြည်တော်၌ ပြုလုပ်လျက်ရှိ

ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို ပြည်သူများ အသုံးပြုမှု များပြားလာစေရေးနှင့် ငွေသားသုံးစွဲမှု လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အသိပညာပေးမှုများ နေပြည်တော်၌ ပြုလုပ်လျက်ရှိ
 ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် အသုံးပြုမှုဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-ဗဟိုဘဏ်)
ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် အသုံးပြုမှုဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-ဗဟိုဘဏ်)
Published 7 January 2023

ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို ပြည်သူများ အသုံးပြုမှုများပြားလာစေရေးနှင့် ငွေသားသုံးစွဲမှုလျှော့ချနိုင်ရေး ဆောင်ရွက်လျက် ရှိရာ အသိပညာပေးမှုများ နေပြည်တော်၌ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေပေးချေမှုနည်းလမ်းအမျိုးမျိုး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သော ဒီဂျစ်တယ်ငွေပေး ချေမှုစနစ်အား အများပြည်သူများ သိရှိအသုံးပြုမှုများပြားလာစေရေးနှင့် ငွေသားသုံးစွဲမှု လျှော့ချနိုင်ရေး ကြိုးပမ်းလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့အထိမ်း အမှတ်ကာလအတွင်း အခမ်းအနားကျင်းပရာနေရာများတွင် ဒီဂျစ်တယ်စနစ်ဖြင့် ပေးချေနိုင်ရေးဘဏ်များ၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများအားဦးဆောင်၍ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အများပြည်သူများ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို တွင်ကျယ်စွာ အသုံးပြု လာနိုင်စေရေး နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ စတင်ပြီး ရောင်းချသူကိုယ်စားငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် Nature Link Pay Company Limited(Trusty E-Commerce)နှင့် Zero Pay Company Limited(ZegoMoney) တို့မှ (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့အထိမ်းအမှတ်ပြပွဲများ ကျင်းပရာနေရာတွင်လည်းကောင်း၊ ဧရာဝတီဘဏ်လီမိတက် (AYA Pay)နှင့် မြန်မာနိုင်ငံသားများဘဏ် (Citizen Pay)တို့မှ စိန်ဒေါင်းစတိုးတွင်လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုလုပ်ငန်း ဆောင်ရွက်နေသော ကမ္ဘောဇဘဏ်လီမိတက် (KBZ Pay) ၊ ဧရာဝတီဘဏ်လီမိတက် (AYA Pay ၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်(One Pay)၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A+Wallet) ၊ မြန်မာနိုင်ငံသားများဘဏ် (Citizen Pay)၊ CB Bank PCL(CB Pay) ၊ uab Bank Limited(uab pay) ၊ ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(MoMoney)နှင့် Internet Wallet Myanmar Limited (OD$)တို့မှ Junction Center တွင်လည်း ကောင်း လက်ဆောင်များပေးခြင်း (Gift Voucher) ၊ အရောင်းမြှင့်တင်ခြင်း(Promotion) များဆောင်ရွက်ခြင်း၊  အသုံးပြုမှုဆိုင်ရာ အသိပညာပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်အထိဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူများအနေဖြင့် ခေတ်မီပြီးလုံခြုံစိတ်ချရ၍ စွမ်းဆောင်ရည်ပြည့်ဝသော ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ရပ် ပိုမိုအသုံးပြု လာနိုင်ပြီးလူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent