မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားခရီးစဉ်ကို တစ်ရက်လျှင် ရထားနှစ်စင်းဖြင့် ပြေးဆွဲနေပြီး ရန်ကုန်-နေပြည်တော်ရထားခရီးစဉ်အား မကြာမီပြေးဆွဲရန်စီစဉ်နေ

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားခရီးစဉ်ကို တစ်ရက်လျှင် ရထားနှစ်စင်းဖြင့် ပြေးဆွဲနေပြီး ရန်ကုန်-နေပြည်တော်ရထားခရီးစဉ်အား မကြာမီပြေးဆွဲရန်စီစဉ်နေ
Published 6 January 2023

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားခရီးစဉ်ကို တစ်ရက်လျှင် ရထားနှစ်စင်းဖြင့် ပြေးဆွဲနေပြီး ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်အား မကြာမီပြေးဆွဲရန်စီစဉ်နေကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားခရီးစဉ်အား တစ်ရက်လျှင် ရထားနှစ်စင်းဖြင့်ပြေးဆွဲနေပြီး အခြားခရီးစဉ်များတွင် ခရီးသည်စီးနင်းမှုများပြားလာသည်နှင့်အမျှ  ရထားတွဲဆိုင်းများ ပိုဆိုချိတ်ဆက်ခြင်းနှင့် ရထားစင်းရေတိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက နယ်ဝေးရထား ခရီးစဉ်များအဖြစ် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန် - မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင်အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင် လမ်းပိုင်းတွင်ရထားလေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီး ကုန်တင်ရထားနှစ်စင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်းလူစီး ရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။

မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်း ရရှိသည်။

အမှတ် ၁၈၁ ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်) အမြန်ရထားခရီးစဉ် ပြန်လည်ပြေး ဆွဲခြင်းအခမ်းအနားကိုစက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ပုသိမ်ဘူတာတွင် ကျင်းပခဲ့ပြီး နံနက် ၆နာရီတွင် ပုသိမ်ဘူတာမှ ရထား စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

အလားတူ ၁၈၂ ကြံခင်း-ဟင်္သာတ-ပုသိမ်(အစုန်) အမြန်ရထားခရီးစဉ်ကိုလည်း ကြံခင်းဘူတာမှ နံနက် ၆ နာရီတွင် စတင် ထွက်ခွာခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန် ရထားခရီးစဉ် အား ပြန်လည်ပြေးဆွဲခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းရှိ တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာ အထိ ၃၃ ဒသမ ၇၁ မိုင်ရှိ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ရာ တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်း၌ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ေဖေဖာ်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်-၁၉ ကာလတွင် ယာယီရပ်နား ခဲ့ကြောင်း သိရသည်။

ယခုအခါဒေသခံတိုင်းရင်းသား  ပြည်သူများ၏ တောင်းဆိုချက်အရ မြန်မာ့မီးရထားက ရထားလမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေရေး ပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ရထားစီးခရီးသွားတိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့ လုံခြုံစွာသွားလာအသုံးပြုနိုင်စေရန် ဆောင်ရွက်ထားပြီး ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ခရီးဆုံးဘူတာဖြစ်သည့် ဆိုက်ခေါင်အထိ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမြန်ရထား တစ်စီးထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းရရှိသည်။