မြန်မာ့မီးရထားက ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်ကို ဇန်နဝါရီ ၄ ရက်မှစ၍ တစ်ပတ်လျှင် သုံးရက်ပြေးဆွဲမည်

မြန်မာ့မီးရထားက ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်ကို ဇန်နဝါရီ ၄ ရက်မှစ၍ တစ်ပတ်လျှင် သုံးရက်ပြေးဆွဲမည်
Published 3 January 2023

မြန်မာ့မီးရထားက ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်အား ဇန်နဝါရီ ၄ ရက်မှစတင်၍ တစ်ပတ်လျှင် သုံးရက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ၎င်းရထားတွင် ရိုးရိုးတန်းမပါရှိဘဲ အထက်တန်းတွဲ သုံးတွဲဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အထက်တန်းတွဲ တစ်တွဲလျှင် ထိုင်ခုံ ၄၀ ပါရှိမည်ဖြစ်ပြီး လက်မှတ်စျေးနှုန်းမှာ ရန်ကုန်-မော်လမြိုင် ၇၀၅၀ ကျပ် ကျသင့်မည်ဟု သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-နေပြည်တော်ရထားခရီးစဉ်အား ယခုလကုန်ပိုင်းတွင် ပြေးဆွဲပေးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ အဆိုပါရထားခရီးစဉ်အား ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် DEMU တွဲဆိုင်းအသစ်များဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်သို့ သွားရောက်လိုသည့် ခရီးသည်များအတွက် ရန်ကုန်-မန္တလေးရထားခရီးစဉ်တွင်သာ စီးနင်းလိုက်ပါနေရပြီး၊ မြန်မာ့မီးရထားက အစိုးရရုံးပိတ်ရက်များတွင် နေပြည်တော်-ရန်ကုန် သီးသန့်အထူးရထားခရီးစဉ်အား ပြေးဆွဲပေးနေကြောင်းသိရသည်။

မြန်မာ့မီးရထားက လက်ရှိပြေးဆွဲနေသည့် ရထားခရီးစဉ်များတွင် ခရီးသည်စီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုဆိုချိတ်ဆက်ခြင်းနှင့် ရထားစင်းရေတိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက နယ်ဝေး ရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်- မန္တလေး လမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန် - မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန် - ပဲခူးလမ်းပိုင်းတွင် ရထားနှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ် လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင်လမ်းပိုင်းတွင် ရထားလေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီးကုန်တင်ရထားနှစ်စင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်းလူစီးရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။

မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်းအစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် ၁၈၁ ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်) အမြန်ရထားခရီးစဉ် ပြန်လည် ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ပုသိမ်ဘူတာတွင် ကျင်းပခဲ့ပြီး နံနက် ၆နာရီတွင် ပုသိမ်ဘူတာမှ ရထားစတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

အလားတူ ၁၈၂ ကြံခင်း-ဟင်္သာတ-ပုသိမ်(အစုန်) အမြန်ရထားခရီးစဉ်ကိုလည်း ကြံခင်းဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့ သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင် ကြီး-ဘန်းယဉ် အဆန်၊ အစုန်ရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းရှိ တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာအထိ ၃၃ ဒသမ ၇၁ မိုင်ရှိ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ရာ တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်း၌ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ေဖေဖာ်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်-၁၉ ကာလတွင် ယာယီရပ်နားခဲ့ကြောင်း သိရသည်။

Most Read

Most Recent