အမရပူရမြို့နယ်တွင်  နေအိမ်၌ တစ်ယောက်ထဲ ရှိနေသည့် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ပြီး ဆွဲကြိုးလုယက် သူများအား ဖမ်းဆီးရမိ

အမရပူရမြို့နယ်တွင်  နေအိမ်၌ တစ်ယောက်ထဲ ရှိနေသည့် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ပြီး ဆွဲကြိုးလုယက် သူများအား ဖမ်းဆီးရမိ
Published 27 December 2022

အမရပူရမြို့နယ်တွင်  နေအိမ်၌ တစ်ယောက်ထဲ ရှိနေသည့် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ပြီး ဆွဲကြိုးလုယက် သူများအား ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ၂၂ရက် ညဦးပိုင်းကဖြစ်ပွားခဲ့သည့် အမရပူရမြို့ နယ်၊ဝက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အသက်၆ဝခန့်ရှိ အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ်  အသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူများကို ဒီဇင်ဘာလ ၂၄ရက်ညက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နေအိမ်သို့ဝင်ထွက်သွားလာနေသူတစ်ဦးဖြစ်ပြီး မိသားစုဝင်များမရှိချိန် အိမ်တွင် အသက်၆ဝအရွယ် အဆိုပါအမျိုးသမီးတစ်ဦးထဲရှိနေခိုက် လည်ပင်းတွင်ဆွဲထားသည့် လေးကျပ်သားခန့်ရွှေဆွဲကြိုးကို လုယူပြီး သနပ်ခါးတုံးဖြင့် ထုရိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးကြီးမှာ သနပ်ခါးတုံး  ထုသည့်ဒဏ်ရာများဖြင့်ပင်သေဆုံးခဲ့ရပြီး ကျူးလွန်သူများကို ဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့မှဆောင်ရွက်ခဲ့ရာ နှစ်ရက်အတွင်း ဖမ်းမိခဲ့ကြောင်း အဆိုပါအမျိုးသားသည် လွတ်ငြိမ်းချမ်းသာဖြင့် ထောင်မှ လွတ်လာသည့်သူ ဖြစ်ကြောင်း စုံစမ်းသိရသည်။

Most Read

Most Recent