၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အထိ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၅၀၀၀၀ ခန့်တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသောဆန်များအနက် ဆန်တန်ချိန် ၁၅၀၀၀ ခန့်ကို သင်္ဘောတင်ဆဲဖြစ်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အထိ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၅၀၀၀၀ ခန့်တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသောဆန်များအနက် ဆန်တန်ချိန် ၁၅၀၀၀ ခန့်ကို သင်္ဘောတင်ဆဲဖြစ်
ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ရန် ပြင်ဆင်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ရန် ပြင်ဆင်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 24 December 2022

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အထိ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၅၀၀၀၀ ခန့် တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသောဆန်များအ နက်ဆန်တန်ချိန် ၁၅၀၀၀ ခန့်အား သင်္ဘောတင်ဆဲဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါးကုန်သွယ်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ အထိနှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အထိတို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်-MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ငါးရာခိုင်နှုန်းတန်းမြင့်ဆန် တန်ချိန် ၂၀၀၀၀၀ တင်ပို့ရန် သဘောတူစာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် ဆောင် ရွက်ခဲ့ကြသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အထိ ဆန်တန်ချိန် ၁၅၀၀၀၀ ခန့်အား တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် ၁၅၀၀၀ ခန့်အား သင်္ဘောတင်ဆဲဖြစ်ကာ ကျန်ရှိသည့် ဆန်များအား သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်တင်ပို့သွားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊  မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း၊ ဧပြီလတွင် ဒေါ်လာ ၄၇  ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့  ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလ တူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင်တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent