အင်္ဂလန်ကွင်းလယ်ကစားသမား မတ်ဒီဆန်က မိမိအနေဖြင့် ကမ္ဘာ့ဖလားတွင် ကစားလိုကြောင်း ဖွင့်ဟခဲ့သည်။
မတ်ဒီဆန်သည် အင်္ဂလန်အသင်း၏ အုပ်စုပွဲစဉ် (၃) ပွဲနှင့် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲများတွင် အရန်ခုံတန်း၌သာ ထိုင်ခဲ့ရပြီး ယခုအချိန်အထိ တစ်မိနစ်မျှ ပါဝင်ကစားခွင့်မရသေးပေ။
မတ်ဒီဆန်က ''ကမ္ဘာ့ဖလားမှာ ကစားသမားတိုင်း ကစားချင်ကြပါတယ်။ ကျွန်တော်လည်း အဲဒီလိုပါပဲ။ ကျွန်တော့်အနေနဲ့ ကမ္ဘာ့ဖလားမှာ အသည်းအသန်ကစားချင်ပြီး ကွင်းထဲမှာ ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာပြချင်ပါတယ်။ ဒါက ကျွန်တော့်အတွက် ပထမဆုံးမေဂျာပြိုင်ပွဲလည်း ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။