POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A 1ရှိ Shwe Phase 3 Development Project အရ  Pre Construction Survey လုပ်ငန်းများ ဒီဇင်ဘာ ၂၀ ရက်မှ  ဒီဇင်ဘာ ၂၉   ရက်အထိ ဆောင်ရွက်မည်

POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A 1ရှိ Shwe Phase 3 Development Project အရ  Pre Construction Survey လုပ်ငန်းများ ဒီဇင်ဘာ ၂၀ ရက်မှ  ဒီဇင်ဘာ ၂၉   ရက်အထိ ဆောင်ရွက်မည်
Published 25 November 2022

POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A 1 ရှိ Shwe Phase 3 Development Project  အရ  Pre Construction Survey လုပ်ငန်းများ ဒီဇင်ဘာ ၂၀ ရက်မှ  ဒီဇင်ဘာ ၂၉   ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း  သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ရေနံရှာဖွေတူူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိ သော POSCO International Corporation(Myanmar E&P)သည် ကမ်းလွန်လုပ်ကွက်အမှတ်(A-1)ဧရိယာတွင် Shwe Phase 3 Development  Project အရ Pre Construction Surveyလုပ်ငန်းများအား MV.HAILEY SARAH ဖြင့် လုပ်ငန်းများ ဆောင်ရွက်မည့်တည်နေရာများ ထုတ်ပြန်ထားပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်တည် နေရာများမှလေးကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေး ချက်ထုတ်ပြန် ထား၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာ ခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက်လည်း  ငါးလုပ် ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A3 တွင်  Shwe Phase 2 Exploration Project အတွက်  Drilling Campaign လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ဆောင်ရွက်ခဲ့သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation(Myanmar E&P)သည် ကမ်းလွန်လုပ်ကွက်အမှတ်(A-3)တွင် Shwe Phase 2 Exploration Project အတွက် တွင်းတူးဖော်ရေးလုပ်ငန်းများအား  Semi-Submersible Rig“Deepwater NAUTILUS ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၁၅ ရက်အထိ ဆောင်ရွက်ခဲ့သည်။

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၃၈ သန်းထွက်ရှိမည့် ရေနံဓာတ်ငွေ့သိုက်အ သစ်“မဟာ”ကိုတွေ့ရှိခဲ့ကြောင်း POSCO International က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော POSCO သည် မြန်မာနိုင်ငံအတွင်း တူးဖော်ထုတ်လုပ်နေ သည့် သဘာဝဓာတ်ငွေ့လုပ်ကွက်အနီးဝန်းကျင်တွင် နောက်ထပ် ဓာတ်ငွေ့သိုက်အသစ် “မဟာ”ကို ထပ်မံတွေ့ရှိကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ထုတ်လုပ်မှုစမ်းသပ်ချက်အရ မဟာဓာတ်ငွေ့သိုက်တွင် တစ်ရက်လျှင် ကုဗပေ ၃၈ သန်းထွက်ရှိပြီး သဲကြောအသားတင်အထူ မှာ ၁၂ မီတာရှိသည်။        

မြန်မာ့ကမ်းလွန်လုပ်ကွက်A-3 တွင် မြဓာတ်ငွေ့သိုက်မှ ထုတ်လုပ်နေပြီး ယခုမြဓာတ်ငွေ့သိုက်၏အနောက်တောင်ဘက် ရေ နက်ပိုင်းတွင် ဓာတ်ငွေ့သိုက်အသစ် ထပ်မံတွေ့ရှိခြင်းဖြစ်သည်။ လုပ်ကွက် A-3 လုပ်ငန်းများတွင် Posco ၊ MOGE ၊ONGC ၊ GAIL၊ KOGAS တို့ ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။

မဟာဓာတ်ငွေ့သိုက်အသစ်သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမီ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့စမ်း သပ်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလတိုတောင်းနိုင်သည့် အားသာချက်များ ရှိနေသည်။

မြန်မာနိုင်ငံသည်  Posco ၏ စီးပွားရေး အချက်အချာနေရာတစ်ခုဖြစ်ပြီး လက်ရှိသဘာဝဓာတ်ငွေ့လုပ်ကွက်နှစ်ခုဖြစ်သော ရွှေ (A-1) နှင့် မြ(A-3)လုပ်ငန်းလည်ပတ်လျက်ရှိသည်။ ယင်းလုပ်ကွက်များမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိသည်။ Posco သည် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစုအမြတ်ငွေ ဝမ် ၆၅၀ ဒသမ ၃ ဘီ လျံ(ဒေါ်လာ ၅၄၉ ဒသမ ၈၄ သန်း)ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent