ကာတာတွင်ပြုလုပ်မည့် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို ဒူရာလီပါ၊ ရော့ခ်စတီးဝက်နှင့် ရှကီယာ အပါအဝင် အနုပညာရှင်အများအပြားက သပိတ်မှောက်

ကာတာတွင်ပြုလုပ်မည့် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို ဒူရာလီပါ၊ ရော့ခ်စတီးဝက်နှင့် ရှကီယာ အပါအဝင် အနုပညာရှင်အများအပြားက သပိတ်မှောက်
Photo: AFP
Photo: AFP
Published 19 November 2022

ကာတာနိုင်ငံတွင်ပြုလုပ်မည့် ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေရန် ကမ္ဘာကျော်အနုပညာရှင်အများအပြားက ငြင်းဆန်ခဲ့ပြီး ယင်းအဖွင့်ပွဲတွင် မည်သည့်အနုပညာရှင် ပါဝင်ဖျော်ဖြေမည်ဆိုသည့်အကြောင်းကို ရှင်းလင်းစွာမသိရသေးပေ။

K-Pop အမျိုးသားအဖွဲ့ BTS ၏ အဖွဲ့ဝင် ဂျောင်ကွတ်က နိုဝင်ဘာ ၁၈ ရက်တွင် ကာတာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကောလာဟလများပျံ့နှံ့ခဲ့ပြီး သူသည် ယင်းအဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေပွဲရှိနေသည်။

မော်စကိုတွင် နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဖလားပွဲတွင် ပါဝင်ဖျော်ဖြေခဲ့သော ဗြိတိန်အဆိုတော် ရော်ဘီဝီလျံလည်း ပါဝင်ဖျော်ဖြေသွားဖွယ်ရှိနေသည်။

သို့သော် ဂီတပညာရှင်အများအပြားက မူဒိုဟာ၏ လူ့အခွင့်အရေးစံချိန်များ အထူးသဖြင့် LGBT အခွင့်အရေးများနှင့်ပတ်သက်၍ ဆန္ဒပြသည့်အနေဖြင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် ပါဝင်ဖျော်ဖြေရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ် ဗြိတိန်အဆိုတော် ဒူရာလီပါက ယင်းအဖွင့်ပွဲစဉ်တွင် ပါဝင်ဖျော်ဖြေသွားမည်ဟု သတင်းများထွက်ပေါ် နေသော်လည်း ယင်းကောလာဟလများသည် မဟုတ်မမှန်ကြောင်း ၎င်း၏ Instagram တွင် အတည်ပြုခဲ့သည်။

ယခင်ကမ္ဘာ့ဖလားဖျော်ဖြေပွဲများတွင် ပါဝင်သီဆိုလေ့ရှိသည့် ရှကီယာက ၎င်းအနေဖြင့် ကာတာတွင်ပြုလုပ်မည့် အဖွင့်ဖျော်ဖြေပွဲ တွင် ပါဝင်ဖျော်ဖြေသွားမည်မဟုတ်ဟု စပိန်သတင်းဌာနများကို ပြောကြားခဲ့သော်လည်း အကြောင်းအရင်းအတိအကျကိုမူ အသေး စိတ်ပြောကြားထားခြင်းမရှိပေ။

Most Read

Most Recent