ရွှေကမ္ဘာလုံးဆုပေးပွဲသို့ တက်ရောက်မည်မဟုတ်ဟု မင်းသား ဘရန်ဒန်ဖရေဆာ ပြောကြား

ရွှေကမ္ဘာလုံးဆုပေးပွဲသို့ တက်ရောက်မည်မဟုတ်ဟု မင်းသား ဘရန်ဒန်ဖရေဆာ ပြောကြား
Photo:Reuters
Photo:Reuters
Published 18 November 2022

ကနေဒါနိုင်ငံဖွား အမေရိကန်သရုပ် ဆောင်မင်းသား ဘရန်ဒန်ဖရေဆာက ရွှေကမ္ဘာလုံးဆုပေးပွဲ၏ ဥက္ကဋ္ဌဟောင်းသည် ၎င်းအား လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့ပြီးနောက် လာမည့်နှစ်တွင်ကျင်းပမည့် ဟောလိဝုဒ်၏ ယင်းဆုပေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Mummy ရုပ်ရှင်များဖြင့် လူသိများသည့် ဖရေဆာသည် ၎င်း၏တစ်ကျော့ပြန် ဇာတ်ကား The Whale ရုပ်ရှင်တွင် ၎င်း၏ ဇာတ်ကောင်အတွက် ဆန်ခါတင်ဆုစာရင်းတွင် ပါဝင်ခဲ့သည်။

ဟောလိဝုဒ်နိုင်ငံခြားသတင်းထောက်များအသင်းက စီစဉ်သည့် ရွှေကမ္ဘာလုံးဆုပေးပွဲ၏ ဥက္ကဋ္ဌဖိလစ်ဘာ့ခ်က ၂၀၀၃ ခုနှစ်တွင် ၎င်း၏တင်ပါးကို မဖွယ်မရာ ထိကိုင်ခဲ့သည်ဟု ဖရေဆာက ၂၀၁၈ ခုနှစ်တွင် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် ၎င်းအား တန်ဖိုးကျသွားစေခဲ့ပြီး အခြားသူများကို ရှောင်တိမ်းရမည့်ခံစားချက်မျိုးရရှိစေခဲ့သည်ဟု ဖရေဆာက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဘာ့ခ်သည် ဖရေဆာဟာ မသင့်လျော်စွာ ထိကိုင်ခဲ့သော်လည်း ဟာသသဘောဖြင့်သာ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လိင် ပိုင်းဆိုင်ရာ အမြတ်ထုတ်လိုမှုကြောင့်မဟုတ်ကြောင်း HFPA က တွေ့ရှိခဲ့သည်ဟုဆိုသည်။

လာမည့်နှစ်တွင်ပြုလုပ်မည့် ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်ရန် ဖိတ်ကြားခံရလျှင် တက်ရောက်မည်ဟုတ်၊ မဟုတ် GQ နှင့်အင်တာဗျူး၌ ဖရေဆာက “ကျွန်တော့်အနေနဲ့ ဟောလိဝုဒ်နိုင်ငံခြားသတင်းထောက်များအသင်းကို လေးစားတာထက် အဲဒီအ သင်းနဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ ကျွန်တော် အဲဒီဆုပေးပွဲကို တက်ရောက်မှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

“ကျွန်တော်နဲ့ အဲဒီအသင်းကြားမှာရှိတဲ့ သမိုင်းကြောင်းကြောင့်ပါ။ နောက်ပြီး ကျွန်တော့်အမေက ကျွန်တော့်ကို ကြောင်သူတော် တစ်ယောက်အဖြစ် ပြုစုပျိုးထောင်လာတာ မဟုတ်ပါဘူး။သင်တို့အနေနဲ့ ကျွန်တော့်ကိုမျိုးစုံခေါ်လို့ရပေမဲ့ အဲဒါတွေက တကယ် မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်က ဘာဗေလီဟေးလ် ဟိုတယ်တွင်ပြုလုပ်သည့် အခမ်းအနား၌ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖရေဆာက ၂၀၁၈ ခုနှစ်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent