ဂီတလောက၏ အကြီးကျယ်ဆုံးဆုပေးပွဲဖြစ်သည့် ဂရမ်မီဆုပေးပွဲ (၂၀၂၃ ခုနှစ်အ တွက်) ဆန်ခါတင်ဆုစာရင်းကို ထုတ်ပြန် ထားရာ ကေပေါ့ပ်အဖွဲ့ BTS က ဆုနှစ်ဆုအတွက် အဆိုပြုခံထားရသည်။
Coldplay အဖွဲ့နှင့် တွဲဖက်သီဆိုထားသည့် My Universe သီချင်းအတွက် BTS က အကောင်းဆုံးပေါ့ပ်အဖွဲ့/အုပ်စုလိုက် တင် ဆက်မှုအကောင်းဆုံးအဖွဲ့ဆု အဆိုပြုခံထားရပြီး ၂၀၂၁ ခုနှစ်တွင် Dynamite သီချင်းဖြင့်၊ ၂၀၂၂ ခုနှစ်တွင် Butter သီချင်းဖြင့် ၎င်းဆုအတွက်ပင် အဆိုပြုခံခဲ့ရကာ ယခုအကြိမ်နှင့်ဆို သုံးနှစ်ဆက်တိုက် အဆိုပြုခံရခြင်းဖြစ်သည်။
ထပ်အဆိုပြုခံရသည့်ဆုက အကောင်းဆုံးသီချင်းဗီဒီယိုဆုဖြစ်ပြီး Yet To Come သီချင်းဖြင့်ဖြစ်သည်။
ဆန်ခါတင်ဆုစာရင်းတွင် ဘီယွန်းဆေး၊ ကန်းဒရစ်ခ်လာမာနှင့် အဒဲလ်တို့က ဆုအများစုလျာထားခံရသည်။ လာမည့်ဂရမ်မီဆုပေးပွဲကို ၂၀၂၃ ခု နှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသွားမည်။









