၁၀ နှစ်နီးပါးကြာမြင့်ပြီးနောက် ဟောလိဝုဒ်ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ရန် အချိန်ရောက်ပြီဟု လင်ဆေးလိုဟန် ပြောကြား

၁၀ နှစ်နီးပါးကြာမြင့်ပြီးနောက် ဟောလိဝုဒ်ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ရန် အချိန်ရောက်ပြီဟု လင်ဆေးလိုဟန် ပြောကြား
Published 13 November 2022

ဟောလိဝုဒ်လောကသို့ပြန်လည်ဝင်ရောက်ရန် အချိန်ရောက်ပြီဟု ခံစားမိကြောင်း သရုပ်ဆောင်မင်းသမီး လင်ဆေးလိုဟန်က ပြောကြား ခဲ့သည်။

အသက် ၃၆ နှစ်အရွယ်လင်ဆေးသည် ဆယ်နှစ်နီးပါးအတွင်းပထမဆုံးအဓိကရုပ်ရှင်ဖြစ်သည့် Netflix ၏ Fallings for Christmas တွင် ပါဝင်သရုပ်ဆောင်ထားပြီး ဟောလိဝုဒ်သို့ ပြန်လည်အခြေချရသည့်အပေါ် ပျော်ရွှင်နေသည်။

“အချိန်ကျပြီလို့ ကျွန်မထင်ပါတယ်။ကျွန်မအတွက် သင့်လျော်တဲ့ ဇာတ်ညွှန်းတစ်ခုမတွေ့ခင် အချိန်တစ်ခု ကြာခဲ့ပြီး Fallings for Christmas ကို တွေ့ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ပြီးပြည့်စုံစွာနဲ့ ရိုက်ကူးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လင်ဆေးသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများစွာနှင့် မရုန်းကန်ရမီအချိန်က သူသည် ဆယ်ကျော် သက်အရွယ်တွင် ခေါင်းဆောင်မင်းသမီးတစ်ဦးအဖြစ် ရုပ်ရှင်များစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

“ကျွန်မအရမ်းဝမ်းသာမိပါတယ်။ကျွန်မတကယ့်ကို ကောင်းချီး ပေးခံရတယ်လို့ ခံစားရပါတယ်။ တကယ်ပျော်ဖို့ကောင်းပါတယ်”ဟု လင်ဆေးက Fallings for Christmas ရုပ်ရှင်ရိုက်ကူးရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

“သင်အနေနဲ့ နားချိန်ယူနိုင်ပါတယ်။ ဒါပေမဲ့ဘယ်အချိန်ကအချိန် ကောင်းလဲဆိုတာကိုတော့သိရမှာ ဖြစ်ပါတယ်”ဟု ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်လာမှုနှင့်ပတ်သက်၍ လင်ဆေးက ပြောကြားခဲ့သည်။

Most Read

Most Recent