ဒေးဗစ်ဝါလီယန်စ်က ၂၀၂၀ ခုနှစ်တွင် ရိုက်ကူးရေးနားထားစဉ်အတွင်း Britain’s Got Talent ပြိုင်ပွဲဝင်နှစ်ဦးအကြောင်း ရိုင်း ပြစွာ မှတ်ချက်များပြုခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။
ပေါက်ကြားလာသည့် အသံသွင်းမှတ်တမ်းတစ်ခုတွင် Britain’s Got Talent မှ ဒိုင်လူကြီးဖြစ်သူ ဒေးဗစ်သည် ရိုင်းစိုင်းပြီး လိင် ပိုင်းဆိုင်ရာထိပါးသော မှတ်ချက်များကို ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်ဟု Guardian သတင်းတွင်ဆိုသည်။
ဒေးဗစ်က တောင်းပန်ကြောင်း ပြောကြားခဲ့ပြီး ယင်းမှတ်ချက်များကို ပြန်လည်မျှဝေရန် ရည်ရွယ်ခဲ့ခြင်းမရှိကြောင်း ပြောကြား ခဲ့သည်။
အစီအစဉ်၏ ပရိုဂျူဆာများက ၎င်းတို့သည် ဒေးဗစ်အား ၎င်း၏ အနာဂတ်ပညာရှင် ပိုင်းဆိုင်ရာကျင့်ဝတ်အကြောင်း ပြောကြား ခဲ့ကြသည်ဟု ဆိုသည်။
လူရွှင်တော်တစ်ဦးဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်းဖြစ်သည့် ဒေးဗစ်သည် ၂၀၁၂ ခုနှစ်ကတည်းက ITV အစီအစဉ်ဖြစ် သည့် Britain’s Got Talent တွင် ပါဝင်ခဲ့သည်။
“၂၀၂၀ ခုနှစ်က Britain’s Got Talent အတွက် ရိုက်ကူးရေးနားထားစဉ်မှာ ကျွန်တော် ရိုင်းပြတဲ့မှတ်ချက်တွေကို ပေးခဲ့တဲ့လူ တွေကို တောင်းပန်ပါတယ်။ ဒါဟာ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောသလိုမျိုး သီးသန့်စကားပြောဆိုတာမျိုးပဲဖြစ်တဲ့အတွက် မျှဝေဖို့ ဘယ်တော့မှရည်ရွယ်မထားခဲ့ပါဘူး။ ကျွန်တော်တောင်းပန်ပါတယ်”ဟု ဒေးဗစ်က ပြောကြားခဲ့သည်။









