ချို့တဲ့သည့်ကျောင်းနေကလေးများအတွက် နေ့လယ်စာအခမဲ့စီစဉ်ပေးရန် အဆိုတော်ဇိန်းမာလစ်ခ်က ဗြိတိန်ဝန်ကြီးချုပ်ထံ စာရေးတောင်းဆို

ချို့တဲ့သည့်ကျောင်းနေကလေးများအတွက် နေ့လယ်စာအခမဲ့စီစဉ်ပေးရန် အဆိုတော်ဇိန်းမာလစ်ခ်က ဗြိတိန်ဝန်ကြီးချုပ်ထံ စာရေးတောင်းဆို
Photo - DailyMail
Photo - DailyMail
Published 9 November 2022

ဗြိတိန်နိုင်ငံအတွင်းရှိ ဆင်းရဲချို့တဲ့သည့် ကလေးများအားလုံးအတွက် ကျောင်းတွင်းနေ့ လယ်စာများ အခမဲ့စီစဉ်ပေးသင့်ကြောင်း အဆိုတော်ဇိန်းမာလစ်ခ်က ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီဆူနတ်ထံ စာပေးပို့တောင်းဆိုထားသည်။

နိုဝင်ဘာ ၇ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည့် ၎င်းစာထဲတွင် One Direction ယောကျ်ား လေးအဆိုတော်အဖွဲ့မှ အဖွဲ့ဝင်ဟောင်းဇိန်း က ဘရတ်ဖို့ဒ်မြို့တွင် ၎င်းကြီးပြင်းခဲ့စဉ်ကလည်း အခမဲ့ကျောင်းနေ့လယ်စာကိုသာ စားခဲ့ရကြောင်း ဆိုထားသည်။

“ဆာလောင်မှုကို ဘယ်ကလေးမှ မတွေ့ကြုံသင့်ပါဘူး။ ဝမ်းနည်းဖို့ကောင်းတာက အင်္ဂလန်က ကလေးအများစုဟာ အဲဒါကိုရင်ဆိုင်နေရပါတယ်။ အဲဒီကလေးတွေဟာ အာရုံစူးစိုက်နိုင်မှုမရှိတော့ဘဲ တချို့ဆို ဗိုက်ကလည်း ဆာ၊ ဝယ်စားဖို့ကလည်း မတတ်နိုင်လို့ ကြံမရတဲ့အဆုံး ကျောင်းစားသောက်ဆိုင်ကနေ စားစရာခိုးတဲ့အထိပါပဲ”ဟု ဇိန်းက တင်ပြထားသည်။

ကလေးငယ်များသည် ရှက်စိတ်ကြောင့်  စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ရပြီး ငယ်စဉ်က ဘရတ်ဖို့ဒ်တွင် ကျောင်းနေစဉ်က အခမဲ့ နေ့လယ်စာကို စားခဲ့ရသူ၊ စားရေးအခက်အခဲဖြစ်မှုကို ကိုယ်တွေ့ကြုံထားသူတစ်ဦးအနေဖြင့် ထိုခံစားချက်ကိုသိသည်ဟုလည်း ဇိန်းက ဆိုသည်။

ဇိန်းက အခမဲ့ကျောင်းတွင်းနေ့လယ်စာ ကိစ္စကို ပထမဆုံးထုတ်ဖော်ပြောဆိုသည့် အနုပညာရှင်တော့မဟုတ်ပေ။ ၎င်းမတိုင်မီ ဘောလုံးသမား မားကတ်ရက်ရှ်ဖို့ဒ်နှင့် ကမ္ဘာကျော်စားဖိုမှူး  ဂျေမီအိုလီဗာတို့လည်း ထိုကိစ္စကို   ထုတ်ဖော်ပြောထားကြသည်။

Most Read

Most Recent