Captain America သရုပ်ဆောင် ခရစ္စ အီဗန်စ်က People မဂ္ဂဇင်းကသတ်မှတ်သည့် ၂၀၂၂ ခုနှစ်အတွက် သက်ရှိထင်ရှားဆွဲဆောင် မှုအရှိဆုံးအမျိုးသားဖြစ်လာပြီး ၂၀၂၁ ခုနှစ် တွင် ၎င်းနေရာကို Ant-Man သရုပ်ဆောင် ပေါလ်ရတ်က ပိုင်ဆိုင်ထားသည်။
အသက် ၄၁ နှစ်အရွယ်၊ အိမ်ထောင်မရှိ သေးသူ အီဗန်စ်က ထိုသတင်းကို ၎င်း၏ အမာခံပရိသတ်တစ်ဦးဖြစ်သည့် မိခင်ဖြစ်သူ ကို အင်မတန်ပြောပြချင်ခဲ့သည်။“အမေက တော့ သိပ်ကိုပျော်နေတော့မှာ။ သူက ကျွန် တော်ဘာလုပ်လုပ် ဂုဏ်ယူနေတတ်တာ” ဟု people မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် ပြော ထားသည်။
အီဗန်စ်သည် ၂၀၀၀ ခုနှစ်က opposite sex ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်စဉ်မှ စပြီး Captain America သရုပ်ဆောင်ဖြစ် လာချိန်အထိ နာမည်ရမင်းသားတစ်လက် ဖြစ်နေခဲ့ပြီး လူလွတ်ဖြစ်နေသေးသော်လည်း အိမ်ထောင်ပြုပြီး ဖခင်ဘဝကိုပိုင်ဆိုင်ရန် စိတ်ကရှိသည်။
ရုပ်ဖြောင့်သည်နှင့်အမျှ အနုပညာ လမ်းခရီးတစ်လျှောက်တွင်လည်း အီဗန်စ် သည် ရည်းစားများခဲ့ပြီး ယခုနှစ်ထဲတွင် warrior nun ဇာတ်လမ်းတွဲမှမင်းသမီး အယ်လ်ဘာ ဘပ်တစ်စတာနှင့် သတင်းထွက် ထားသည်။သို့သော် အီဗန်စ်သည် ၎င်း၏ အချစ်ရေးနှင့်ပတ်သက်လျှင် သိုဝှက်သူဖြစ်သည့်အတွက် ဘပ်တစ်စတာနှင့်သတင်းကို ဝန်ခံမည့်ပုံသိပ်မရှိပေ။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာတွင် အီဗန်စ်နှင့် သတင်းထွက်လာသူက ဆလီနာဂိုး မတ်ဇ်ဖြစ်ပြီး tik tok ဗီဒီယိုတစ်ခုတွင် ဆလီ နာဝတ်ထားသည့်ဆွယ်တာက knives out ဇာတ်ကားတွင် အီဗန်စ်ဝတ်ထားသည့်ဆွယ် တာနှင့် တူနေသည့်အတွက် ပရိသတ်များ ထင်ကြေးပေးစရာဖြစ်ခဲ့ရသည်။
အမေရိကန်ရုပ်ရှင်မင်းသမီး ဂျက်ဆီ ကာဘီယယ်လည်း ခရစ္စအီဗန်စ်နှင့် ၂၀၀၁ ခုနှစ်မှစကာ ငါးနှစ်တွဲခဲ့ဖူးသည်။သို့သော် ၂၀၁၂ ခုနှစ်တွင် ဘီယယ်က ဂျက်စတင်တင်း ဘားလိတ်နှင့် အိမ်ထောင်ကျသွားသည်။
အီဗန်စ်တွဲခဲ့သည့် ဆယ်လီမိန်းကလေး များစွာထဲ မင်းသမီး လီလီကောလင်းစ်လည်း သတင်းထွက်လိုက်သေးသည်။ကောလင်းစ် က လက် ရှိတွင် Emily in paris ဇာတ်လမ်းတွဲ ဖြင့် အောင်မြင်နေသူဖြစ်သည်။









