တောင်ကိုရီးယား K-Pop အမျိုးသားအဖွဲ့ NCT 127 ဖျော်ဖြေပွဲကျင်းပရန်စီစဉ်ထားသော အင်ဒိုနီးရှားနိုင်ငံရှိ ခန်းမတွင် ဗုံးဖောက်ခွဲမည့် ခြိမ်းခြောက်စာတစ်စောင်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။
လာမည့်သီတင်းပတ်ကုန်တွင် NCT 127 အဖွဲ့ ဖျော်ဖြေမည့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ ဖျော်ဖြေပွဲခန်းမတစ်ခုတွင် ဗုံးဖောက်ခွဲမည့် ခြိမ်းခြောက်စာတစ်စောင် တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားဒေသတွင်း မီဒီယာတွင် နိုဝင်ဘာ ၄ ရက်၌ ဖော်ပြ ခဲ့သည်။
ယင်းအဖွဲ့ဖျော်ဖြေမည့် ခန်းမတွင် ဗုံးများကို တပ်ဆင်ထားမည်ဟု ရေးသားထားသော ခြိမ်းခြောက်စာတစ်စောင်သည် အွန် လိုင်းတွင် ပျံ့နှံ့သွားခဲ့သည့် အစီရင်ခံစာတစ်ခုကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
သို့သော် ရဲတပ်ဖွဲ့က အနံ့ခံခွေးများဖြင့် ခန်းမတွင် လိုက်လံရှာဖွေရာ ဗုံးကိုတွေ့ရှိခဲ့ ခြင်းမရှိဟု ဆိုသည်။
ဂျကာတာရဲတပ်ဖွဲ့က ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေချိန်ကာလအတွင်း လုံခြုံရေးကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ထုတ် ပြန်ခဲ့သည်။