ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၁၉ ကြိမ် ြဖစ်ပွား၍ယာဉ်မတော်တဆမှုများကြောင့် ေသဆုံးသူ ၆ ဦးရှိခဲ့ပြီး အဆိုပါသေဆုံးသူများအနက်သေဆုံးသူ ၅ ဦးမှာ ခရီးသည်တင်မှန်လုံယာဉ် မတော်တဆမှုများကြောင့် ေသဆုံးခဲ့ခြင်းဖြစ်ကြောင်း ေနပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရသိရသည်။
အောက်တိုဘာလတစ်လလုံးအတွင်းဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၁၉ ကြိမ်တွင်ထိခိုက်ဒဏ်ရာရရှိသူ ကျား ၃၃ ဦး၊ မ ၁၅ ဦး၊ပေါင်း ၄၈ ဦးနှင့် ေသဆုံးသူ ကျား ၆ ဦး ြဖစ်ကြောင်း သိရသည်။
အောက်တိုဘာလတစ်လလုံး၏ အဆိုပါ ေသဆုံးထိခိုက်ဒဏ်ရာရရှိစာရင်းအနက် ေအာက်တိုဘာ ၁၄ ရက်နေ့၌အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၀ မိုင် အနီးတွင်လမ်းဘေးချရပ်ထားသော Express ယာဉ်တစ်စီးအား ေနာက်မှမောင်းနှင်လာသော Express ယာဉ်တစ်စီးက ဝင်တိုက်မိရာမှ ေနာက်မှဝင်တိုက်သော Express ယာဉ်ပေါ်ပါ ခရီးသည်ကျား ၂ ဦးသေဆုံး၊ ကျား ၅ ဦးထိခိုက်ဒဏ်ရာရရှိသောဖြစ်စဉ်နှင့် ေအာက်တိုဘာ ၂၆ ရက်နေ့က အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၂၂၈ မိုင်အနီး၌ န္တလေးဘက်မှ ေနပြည်တော်ဘက်သို့ ေမာင်းနှင်လာသော မန်းရွှေပြည် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လမ်းဘေးသို့တိမ်းမှောက်မှုဖြစ်ပွား၍ ယာဉ်ပေါ် လိုက်ပါလာသူခရီးသည် အမျိုးသား ၃ ဦးသေဆုံးကာ ခရီးသည် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်အပါအဝင် Express ေမာ်တော်ယာဉ်မတော်တဆမှုနှစ်ခုပေါင်းမှ ေသဆုံးသူ ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးအထိပါဝင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်၂၀၂၂ ခုနှစ်၏ ပြီးခဲ့သော ၁၀ လတာအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း၁၄၂ ကြိမ်ဖြစ်ပွားခဲ့ရာ အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် ေသဆုံးသူ ကျား ၄၇ ဦး၊ မ ၄ ဦး၊ပေါင်း ၅၁ ဦးနှင့်ထိခိုက် ဒဏ်ရာရရှိသူ ကျား ၁၄၄ ဦး၊ မ ၈၈ ဦး၊ပေါင်း ၂၃၂ ဦး ရှိခဲ့ပြီး တစ်လပျမ်းမျှယာဉ်မတော်တဆမှုပေါင်း ၁၄.၂ ကြိမ်၊တစ်လပျမ်းမျှသေဆုံးသူ ၅.၁ ဦး၊ တစ်လပျမ်းမျှထိခိုက်ဒဏ်ရာရရှိသူ ၂၃.၂ ဦးရှိခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ်၏ ပြီးခဲ့သော ၁၀ လတာအတွင်း၌ ေဖဖော်ဝါရီလအတွင်း ယာဉ်မတော်တဆမှုမှာအကြိမ် ၂၀ ြဖစ်ကာ အဆိုပါယာဉ်မတော်တဆမှုများကြောင့် ေသဆုံးသူ ၁၂ ဦးရှိခဲ့သဖြင့် ယာဉ်မတော်တဆမှုအများဆုံးနှင့် လူသေဆုံးမှု အများဆုံးလဖြစ်ခဲ့ကြောင်းနှင့် ၂၀၂၀ ခုနှစ်၏ ပြီးခဲ့သော ၁၀ လတာ၏ယာဉ်မတော်တဆမှုပေါင်း ၁၄၂ ကြိမ်အတွက် အမှုဖွင့် အရေးယူထားသူပေါင်း ကျား ၁၂၇ ဦး၊ မ ၄ ဦး၊ပေါင်း ၂၃၁ ဦးရှိခဲ့ကြောင်း ေနပြည်တော်အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရသိရသည်။