PTTEP က ကမ်းလွန်လုပ်ကွက် တွင် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၀၂၃ ခုနှစ် သြဂုတ် ၃၁  ရက်အထိ ဆောင်ရွက်မည်

PTTEP က ကမ်းလွန်လုပ်ကွက် တွင် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၀၂၃ ခုနှစ် သြဂုတ် ၃၁  ရက်အထိ ဆောင်ရွက်မည်
Published 18 October 2022

PTTEP က ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Development Construction အတွက် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၀၂၃ ခုနှစ် သြဂုတ် ၃၁ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Development Construction Project အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းများကို Derrick Crane/Accommodation Work Barge “HUA TIANLONGDP2 4,00T” (Call Sign:BSGA) ရေယာဉ်ဖြင့် ဆောင်ရွက်မည့်တည်နေရာများကို ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Development Construction Project အတွက် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်းလုပ်ငန်းများ ကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်ဧရိယာများမှ လေးကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေး ချက်ထုတ်ပြန်ထား၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက်ကို  စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ကမ်းလွန်လုပ်ကွက် M-3နှင့်M-9 မှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ကျိုက်လတ်ဒေသတွင် မဂ္ဂါဝပ် ၆၀၀  ဓာတ်အားပေးစက်ရုံစီမံကိန်းကို PTTEP က ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။

PTTရေနံရှာဖွေရေးနှင့်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက်(PTTEP)သည် မြန်မာအစိုးရထံမှ စီမံကိန်းလုပ်ပိုင် ခွင့်ရရှိပြီးနောက် မြန်မာနိုင်ငံ၏ ပြည်တွင်း သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်း အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ယင်းစီမံကိန်းလုပ်ဆောင်ရခြင်းမှာ မြန်မာနိုင်ငံ၏ စွမ်းအင်ဖူလုံရေးအ တွက် ပံ့ပိုးပေးရန်နှင့် ကုမ္ပဏီ၏ရည်မှန်းချက်အတိုင်း စီးပွားရေးလုပ်ငန်းအသစ်များ ရှာဖွေသွားရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်က အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ရန် Notice to Proceed ကို လက်မှတ်ခဲ့ ကြသည်။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာနှစ်ဘီလျံခန့်ရှိပြီး စီမံကိန်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့တွင်တည် ဆောက်မည့် မဂ္ဂါဝပ် ၆၀၀ ဓာတ်အားပေးစက်ရုံ၊ ကံပေါက်-ဒေါ်ငြိမ်း-ကျိုက်လတ်မြို့များသို့ ချိတ်ဆက်သွယ်တန်းမည့် ကမ်းလွန် နှင့် ကုန်းတွင်းဓာတ်ငွေ့ပိုက်လိုင်းအသစ်(၃၈၀ ကီလိုမီတာခန့်)၊ ကျိုက်လတ်ဓာတ် အားပေးခွဲရုံမှ လှိုင်သာယာဓာတ်အားပေး ခွဲရုံသို့ ချိတ်ဆက်မည့် Transmission Line များ ပါဝင်သည်။ PTTEP အနေဖြင့်လည်း ၂၀၂၂ ခုနှစ်တွင် အဆိုပါစီမံကိန်းအတွက် အပြီးသတ်ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်အဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားကြောင်းလည်း သိရသည်။

Most Read

Most Recent