သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ခြောက်သန်းနီးပါး ဆီချနေပြီး ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်

သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ခြောက်သန်းနီးပါး ဆီချနေပြီး ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်
Published 18 October 2022

သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန်ခြောက်သန်းနီးပါးဆီချနေကာ ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်  စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေးစိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT ARDBEG သင်္ဘောသည် ဓာတ်ဆီ 92 Ron သုည ဒသမ ၄၂ဂါလန် သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ၈၀ ဂါလန်သန်းကိုလည်းကောင်း၊ MT Glory Star သင်္ဘောသည် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၂၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၅၀ ဂါလန်သန်းကိုလည်းကောင်း၊ ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်အထိ ရန်ကုန်သီလဝါဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရကြောင်း၊ စက်သုံးဆီ စျေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့စက်သုံးဆီစျေးနှုန်းအနည်းငယ်ကျဆင်းလာပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ  Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron သုည ဒသမ ၀၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ  ၂ ဒသမ၈၀ ဂါလန်သန်းကိုလည်းကောင်း၊ MT Bowmore သင်္ဘောမှဓာတ်ဆီ 92 Ron သုည ဒသမ ၁၄ ဂါလန်သန်းကိုလည်းကောင်း ဆီချခဲ့သည်။

အောက်တိုဘာ ၃ ရက်တွင် သီလဝါဆိပ်ကမ်းရှိ Termianl တွင် MT YU HAI သင်္ဘောမှ ဓာတ်ဆီ 92 Ron ဂါလန် ၁ ဒသမ ၈၇ သန်းနှင့် ပရီမီယံဒီဇယ်ဂါလန် ၃ ဒသမ ၁၈ သန်း ဆီချလုပ်ငန်းဆောင်ရွက်ခဲ့သည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများအနေဖြင့် အောက်တိုဘာ ၁၈ ရက်က  ရန်ကုန်တိုင်းဒေသကြီးတွင် ဒီဇယ်တစ်လီတာလျှင် ၂၆၇၅ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၁၉၅၅ ကျပ်၊ အောက်တိန်း 95 တစ် လီတာလျှင် ၂၀၂၅ ကျပ်ရှိခဲ့သည်။ 

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၈၀၀၊ အောက်တိန်း 92 တစ်လီတာလျှင်၂၀၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၀၈၀ ကျပ်ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၆၀၊ အောက်တိန်း 92 တစ်လီတာလျှင်၂၀၄၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၁၁၅ ကျပ်ရှိခဲ့သည်။

စက်တင်ဘာ ၂၄ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၆၄၅၊ အောက်တိန်း 92 တစ်လီတာလျှင်၂၁၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၂၂၅ ကျပ်ရှိခဲ့သည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းစျေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS စျေးနှုန်း၊ Premium၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ် (Transport Charges) တို့ကို အခြေခံကာ တွက်ချက်ထုတ်ပြန်ပေးခြင်းဖြစ်သည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်း ချဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်။

Most Read

Most Recent