ဂျက်စတင်ဘီဘာက စင်ကာပူနိုင်ငံရှိ အမျိုးသားကဇာတ်ရုံကြီးတွင် အောက်တိုဘာ ၂၅ ရက်၌ ပြုလုပ်မည့်ဖျော်ဖြေပွဲအပါအဝင် ၎င်း၏ ကျန်ရှိနေသည့် လာမည့်ကမ္ဘာလှည့် ဖျော်ဖြေပွဲများကို ရုတ်ခြည်းရပ်တန့်ခဲ့ပြီး လာမည့်နှစ်ကုန်မတိုင်မီအထိ ရွှေ့ဆိုင်းခဲ့သည်ဟု သိရသည်။
ကနေဒါပေ့ါအဆိုတော် ဂျက်စတင်ဘီဘာ၏ ကျန်ရှိနေသည့် Justice ကမ္ဘာလှည့် ဖျော်ဖြေပွဲများအားလုံးကို ၂၀၂၃ ခုနှစ်သို့ ရွှေ့ ဆိုင်းသွားမည်ဟု ဖျော်ဖြေပွဲစီစဉ်သူ AEG Presents Asia က လူမှုမီဒီယာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ရွှေ့ဆိုင်းလိုက်ရတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေအတွက် လက်မှတ်တွေဝယ်ယူထားတဲ့ ပရိသတ်တွေအနေနဲ့ အသစ်ထုတ်ပြန်မယ့် ရက်တွေ၊ ဖျော်ဖြေမယ့်နေရာနဲ့ မြို့တွေနဲ့ပတ်သက်ပြီး စောင့်ဆိုင်းနေသင့်ပါတယ်”ဟု ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
လက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာလက်မှတ်ရောင်းချသည့် အေဂျင်စီများထံ ဆက်သွယ်ရန်လည်း ယင်းထုတ်ပြန်ချက်တွင် အကြံပြုထားသည်။
“အဆင်မပြေဖြစ်ခဲ့ရတာတွေအတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို နားလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါ တယ်”ဟု ထုတ်ပြန်ထားသည်။
ဘီဘာက ၎င်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကြောင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို ရပ်တန့် သွားမည်ဟု စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။