ချယ်လ်ဆီးအသင်းသည် အသင်းဝါရင့်ကွင်းလယ်ကစားသမား ကွန်တေကို လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ပြင်သစ်ကွင်းလယ်ကစားသမား ကွန်တေ(၃၁ နှစ်)သည် ယခုရာသီကုန်တွင် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ကွန်တေအား (၂) နှစ်သက်တမ်းတိုးရန်ကမ်းလှမ်းခဲ့သော်လည်း ကစားသမားဘက်က (၄)နှစ်သက်တမ်းတိုးရန် အလိုရှိနေသည့်အတွက် ဆွေးနွေးမှုကိုရပ်ဆိုင်းထားကြောင်း သိရသည်။
ထို့ကြောင့် ချယ်လ်ဆီးအနေဖြင့် လာမည့်နွေတွင် ကွန်တေကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရနိုင်ပြီး ၎င်းကို PSG အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။















