ရိန်းဂျားစ်နှင့်ပွဲတွင် ဖရီးကစ်မှ လှလှပပဂိုးသွင်းယူပြီးနောက် ဝေဖန်သူများကို အာနိုးလ် တုံ့ပြန်

ရိန်းဂျားစ်နှင့်ပွဲတွင် ဖရီးကစ်မှ လှလှပပဂိုးသွင်းယူပြီးနောက် ဝေဖန်သူများကို အာနိုးလ် တုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 6 October 2022

ရိန်းဂျားစ်အသင်းအား အနိုင်ရသည့်ပွဲတွင် ဖရီးကစ်ကို လှလှပပတိုက်ရိုက်ကန်သွင်းယူခဲ့သည့် လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်က မိမိအနေဖြင့် အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်နေဆဲဖြစ်ကြောင်း ဝေဖန်သူများကို တုံ့ပြန်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး ခံစစ်အမှားမှ ဂိုးများပေးရခြင်းအတွက် အင်္ဂလန်လက်ရွေးစင်နောက်ခံလူ အာနိုးလ်မှာ အဓိကဝေဖန်ခံရနေပြီး ၎င်း၏ ခံစစ်ကစားပုံမှာ ထိပ်တန်းလိဂ်များတွင် ကစားရမည့်အဆင့်အတန်းမဟုတ်ကြောင်း ပြစ်တင်ခံနေရသည်။

သို့သော် ရိန်းဂျားစ်အသင်းအား (၂- ၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် ဂိုးသွင်းပြီးနောက် ဝေဖန်မှုများရှိနေသော်လည်း မိမိအနေဖြင့် အသင်းအတွက် စွမ်းဆောင်ပေးနိုင်ဆဲဖြစ်ကြောင်း အာနိုးလ်က ဆိုခဲ့ခြင်းဖြစ်သည်။

''လူတွေက အကြောင်းအရာများစွာကို ပြောနေကြတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အဲဒီဝေဖန်မှုတွေကြားကနေ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ဆဲပါပဲ။ ကျွန်တော်တို့အနေနဲ့ ရာသီအစပိုင်းမှာ အတော်လေးကို အထနှေးနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ နောက်လာမယ့်ပွဲတွေအတွက် ပြင်ဆင်နေပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

ရိန်းဂျားစ်နှင့်ပွဲအပြီးတွင် မန်ယူနောက်ခံလူ ဖာဒီနန်က အာနိုးလ်ကို ချီးကျူးခဲ့ပြီး လာမည့်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

Most Read

Most Recent