ဆော်ဒီအာရေဗျလေဆိပ်တွင် K-Pop အမျိုးသားအဖွဲ့ ATEEZ ကို လူမျိုးရေးခွဲခြားသည့် မှတ်ချက်ပြုခဲ့သော အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ဆော်ဒီအာရေဗျလေဆိပ်တွင် K-Pop အမျိုးသားအဖွဲ့ ATEEZ ကို လူမျိုးရေးခွဲခြားသည့် မှတ်ချက်ပြုခဲ့သော အမျိုးသားတစ်ဦး ဖမ်းဆီးခံရ
Published 3 October 2022

ဆော်ဒီအာရေဗျနိုင်ငံတွင် တောင်ကိုရီးယားအမျိုးသား K-Pop အဖွဲ့ ATEEZ ကို  အနှောင့်အယှက်ပေးမှုအတွက် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

မကြာသေးမီက ATEEZ သည် ဆော်ဒီအာရေဗျနိုင်ငံတွင် KCON ဖျော်ဖြေပွဲအတွက် ဖျော်ဖြေပေးခဲ့သည်။ ၎င်းတို့အဖွဲ့ လေဆိပ်ကို ရောက်ရှိချိန်၌ အဖွဲ့ဝင်များသည် ဆိုးရွားသောအခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

အမျိုးသားတစ်ဦးသည် ATEEZ အဖွဲ့အား ဗီဒီယိုရိုက်ကူးနေစဉ် လူမျိုးရေးခွဲခြားသော မဟုတ်မတရား ပြောဆိုမှုများနှင့် မှတ်ချက်များကို ပြောဆိုခဲ့ပြီး ယင်းဗီဒီယိုအား ၎င်း၏ TikTok ချန်နယ်တွင် တင်ခဲ့သည်။

ယင်းဗီဒီယိုသည် ပရိသတ်များအကြား ပျံံ့နှံ့သွားခဲ့ပြီး Twitter ပေါ်သို့ ရောက်ရှိခဲ့ကာ မကျေနပ်သည့် ပရိသတ်များက အနုပညာရှင်များဘက်မှ ခုခံကာကွယ်ပေးခဲ့သည်။ ယင်းဗီဒီယိုသည် ဆော်ဒီအာရေဗျအစိုးရ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ထိုအမျိုးသားအား ၎င်း၏အပြုအမူအတွက် မကြာခင်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

Most Read

Most Recent