Thinking Out Loud သီချင်းနှင့်ပတ်သက်၍ မူပိုင်ခွင့်တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဟု တရားသူကြီးက အဆိုတော် အက်ဒ်ရှီးယန်ကို အမိန့်ချမှတ်

Thinking Out Loud သီချင်းနှင့်ပတ်သက်၍ မူပိုင်ခွင့်တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဟု တရားသူကြီးက အဆိုတော် အက်ဒ်ရှီးယန်ကို အမိန့်ချမှတ်
Photo: Getty Images
Photo: Getty Images
Published 2 October 2022

ကမ္ဘာကျော်ပေါ့အဆိုတော် အက်ဒ်ရှီးယန်၏ နာမည်ကျော် Thinking Out Loud သီချင်းသည် အဆိုတော်မာဗင်ဂေး၏ Let’s Get It On သီချင်းကို ပုံတူပွားထားသည်ဟု စွပ်စွဲချက်များနှင့်ပတ်သက်၍ အက်ဒ်ရှီးယန်ကို အမေရိကန်တွင် မူပိုင်ခွင့်တရားစွဲဆိုမှု နှင့်ရင်ဆိုင်ရန် တရားသူကြီးတစ်ဦးက အမိန့်ချမှတ်ခဲ့သည်။

တရားသူကြီးက ယင်းအမှုကို ပလပ်ပေးရန် ရှီးယန်၏တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ဂျူရီတစ်ဦးက ယင်းသီချင်းနှစ်ပုဒ်ကြား တူညီမှု များရှိနေသည့်အပေါ် ဆုံးဖြတ်သင့်သည်ဟု ပြောကြားခဲ့သည်။

ရှီးယန်သည် လန်ဒန်တွင် ၎င်း၏နာမည်ကျော် Shape Of You သီချင်းနှင့်ပတ်သက်၍ မူပိုင်ခွင့်စွဲချက်များကို ရှင်းလင်းဖယ်ရှားခဲ့ ပြီးနောက် ခြောက်လအကြာတွင် ယခုကဲ့သို့ ကြုံတွေ့လာရခြင်းဖြစ်သည်။

တရားသူကြီးက ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ပြီးနောက် ရှီးယန်က ယင်းသည် အခြေအမြစ်မရှိသော မူပိုင်ခွင့်စွပ်စွဲချက်ဖြစ်သည် ဟု ပြောကြားခဲ့သည်။

Thinking Out Loud သီချင်းနှင့်ပတ်သက်၍ တရားစွဲဆိုမှုသည် ဂေး၏မိသားစုဝင်မှမဟုတ်ဘဲ ၂၀၁၈ ခုနှစ်က မူလတိုင်ကြားခဲ့ ခြင်းဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင် ဒေးဗစ်ပူးမန်းနှင့် Let’s Get It On တွဲဖက်စာရေးဆရာ အက်ဒ်တောင်းဆန့်၏  ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို ရယူထားသည့် Structured Asset Sales ဟုခေါ်သော ကုမ္ပဏီတစ်ခုက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နစ်နာကြေး ဒေါ်လာသန်း ၁၀၀ တောင်းဆိုမှုနှင့်အတူ ရှီးယန်နှင့် ၎င်း၏တွဲဖက်စာရေး ဆရာအေမီဝက်တို့သည် မာဗင်ဂေးသီချင်း ကို ခွင့်တောင်းခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ ပုံတူကူးယူကာ အပြည့်အဝအသုံးချခဲ့သည့်အပြင် တေးဂီတ၊ စည်းချက်၊ ညီညွတ်မှု၊ ဒရမ်၊ ဘေ့စ်လိုင်း၊ ပံ့ပိုးပေးသော သံပြိုင်အပိုဒ်၊ နရီအနှေးအမြန်၊ နရီစည်း အစရှိသည်တို့ကိုလည်း အကန့်အသတ်မရှိ ပုံတူကူးယူခဲ့သည်ဟု ၎င်းတို့က စွပ်စွဲထားသည်။

ရှီးယန်၏ရှေ့နေကမူ တရားသူကြီး၏ အမိန့်ချမှတ်မှုနှင့်ပတ်သက်၍ မှတ်ချက်ပြုခြင်းမရှိသော်လည်း Structured Asset Sales မှ ရှေ့နေဖြစ်သူ ဟီလ်လဲ ပါနက်စ်က ကုမ္ပဏီအနေဖြင့် တရားသူကြီး၏ အမိန့်ချမှတ်မှုအပေါ် ကျေနပ်မှုရှိကြောင်း ပြောကြား ခဲ့သည်။ Thinking Out Loud သီချင်းသည် ၂၀၁၄ ခုနှစ်က ဗြိတိန်တွင် နံပါတ် ၁ နေရာမှ ရပ်တည်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်ဂရမ်မီဆုပေးပွဲ၌ တစ်နှစ်တာ အကောင်းဆုံးတေးသီချင်းဆုကို ရရှိခဲ့သည်။

Most Read

Most Recent