ဂျန်ဟိုယွန်းက ‘TIME 100 Next’ တွင် ဖော်ပြခံရသည့် ပထမဆုံး တောင်ကိုရီးယားရုပ်ရှင်မင်းသမီးဖြစ်လာ

ဂျန်ဟိုယွန်းက ‘TIME 100 Next’ တွင် ဖော်ပြခံရသည့် ပထမဆုံး တောင်ကိုရီးယားရုပ်ရှင်မင်းသမီးဖြစ်လာ
Photo: KBIZoom
Photo: KBIZoom
Published 30 September 2022

အပတ်စဉ်ထုတ် အမေရိကန် TIME မဂ္ဂဇင်းက ၂၀၂၂ ခုနှစ်အတွက် ‘TIME 100 Next’ စာရင်းကို စက်တင်ဘာ ၂၈ ရက်ကဖော် ပြခဲ့ရာ ထိုစာရင်းတွင် တောင်ကိုရီးယားမော်ဒယ်၊ ရုပ်ရှင်မင်းသမီး ဂျန်ဟိုယွန်းလည်း ပါဝင်နေသည်။

‘TIME 100 Next’ ဆိုသည်မှာ စီးပွားရေး၊ အနုပညာ၊ အားကစား၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် တက်ကြွလှုပ်ရှားမှု စသည့် နယ်ပယ်စုံတွင် ထင်ရှားသည့် မျိုးဆက်သစ်ခေါင်းဆောင် ၁၀၀ ကို ရွေးချယ်ဖော်ပြသည့် စာရင်းဖြစ်ပြီး ဂျန်ဟိုယွန်းက မျက်နှာသစ် စတားတစ်ဦးအဖြစ် Phenoms ကဏ္ဍတွင်  ဖော်ပြခံရသည်။ ထိုသို့ဂုဏ်ပြုခံရမှုနှင့်ပတ်သက်ပြီး Squid Game ဒါရိုက်တာက ဂျန်ဟိုယွန်းကို စစ်သည်ဟု မကြာခဏသူနောက်ပြောင်ခေါ်တတ်ကြောင်း၊ ဂျန်သည် အတိုက်အခိုက်များစွာကို ရင်ဆိုင်ဝံ့သည့်သတ္တိ၊ အရည်အချင်းများဖြင့်ပြည့်စုံသည်မှာ သံသယဖြစ်စရာမလိုကြောင်း၊ အနုပညာလောကသည် သူ့အတွက် စစ်မြေပြင်မဟုတ်ဘဲ အေးချမ်းသည့်နေရာဖြစ်ပါစေဟု ဆန္ဒပြုကြောင်း မှတ်ချက်ပေးထားသည်။

Squid Game ဇာတ်လမ်းတွဲတွင် ပွဲဦးထွက်သရုပ်ဆောင်လိုက်ပြီးနောက် ဂျန်သည်  SAG ဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်မင်း သမီးဆုဆွတ်ခူးခဲ့ပြီး အမေရိကန် Vogue မဂ္ဂဇင်းကာဗာတွင်ပါလာသည့် ပထမဆုံးအာရှသူဖြစ်လာသည်။

အမ်မီဆုပေးပွဲတွင်လည်း ဇာတ်ပို့မင်းသမီးဆုအတွက် အဆိုပြုခံခဲ့ရကာ ယခုလည်း TIME 100 Next တွင်ပါလာသည့် ပထမဆုံးကိုရီးယားမင်းသမီး ဖြစ်လာလေပြီ။ ဂျန်သည် မင်းသမီးလီဆန်းယောင်၊ ဆောင်းဟေကျိုတို့ ကိုကျော်တက်ကာ အင်စတာဂရမ်တွင် ဖော်လိုဝါအများဆုံး ကိုရီးယားမင်းသမီးလည်း ဖြစ်လာခဲ့သည်။

Most Read

Most Recent