ကင်ကာဒါရှီယန်အား စိတ်ဖိစီးမှုဖြစ်စေသည့်အတွက် ကန်ညေးဝက်စ် တောင်းပန်

ကင်ကာဒါရှီယန်အား စိတ်ဖိစီးမှုဖြစ်စေသည့်အတွက် ကန်ညေးဝက်စ် တောင်းပန်
Photo: Reuters
Photo: Reuters
Published 25 September 2022

ကင်ကာဒါရှီယန်အား စိတ်ဖိစီးမှုဖြစ်သေည့်အတွက် ခင်ပွန်းဟောင်းဖြစ်သူ ကန်ညေးဝက်စ်က တောင်းပန်လိုက်သည်ဟုသိရသည်။

အသက် ၄၅ နှစ်အရွယ် ရက်ပ်အဆိုတော် ကန်ညေးနှင့် အသက် ၄၁ နှစ်အရွယ် ကင်တို့သည် ယခုနှစ်အစောပိုင်းတွင် ၎င်း တို့၏ကွာရှင်းမှုကို အဆုံးသတ်ခဲ့သော်လည်း Good morning America တွင် ၎င်း၏အင် တာဗျူးအသစ်မှ ကြော်ငြာဗီဒီယို၌ ကန်ညေးက ၎င်းင်း၏ဇနီးဟောင်းကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ထားသည်ကို တွေ့ရသည်။

ကင်နှင့် ကလေးလေးဦးရရှိထားသည့် ကန်ညေးက “သူ(ကင်)က ကျွန်တော့်ကလေးတွေရဲ့ မိခင်ပါ။ ကျွန်တော့်ကြောင့်ရတဲ့ စိတ် ဖိစီးမှု တစ်စုံတစ်ရာအတွက် ကျွန်တော်တောင်းပန်ပါတယ်”ဟု ပြောကြားခဲ့သည်။

ကန်ညေးသည် မကြာသေးမီလများအတွင်း ကင်နှင့်ပတ်သက်သည့် ၎င်း၏ပြဿနာ များကိုဆွေးနွေးရန် လူမှုမီဒီယာပလက်ဖောင်းများကို ရံဖန်ရံခါ အသုံးပြုခဲ့သည်။

သို့သော် Stronger အဆိုတော် ကန်ညေးက ပင်ကိုအားဖြင့် အပျက်သဘောဆောင်သည်ဟူသည့် အကြံပြုချက်ကို ဝေဖန်ခဲ့သည်။

Instagram နှင့် Twitter ကဲ့သို့ ပလက်ဖောင်းများသည် အပြည့်အဝ ထိခိုက်နစ်နာစေခြင်း သို့မဟုတ် အကျိုးရှိစေခြင်း ရှိ၊ မရှိ မေးမြန်းမှုတွင် ကန်ညေးက “ဒီအင်တာဗျူးမှာ ဒီမေးခွန်းက ကျွန်တော်အကြိုက်ဆုံးမေးခွန်းပါပဲ”ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

“ကျွန်တော်ပြောချင်တဲ့သဘောက ကျွန်တော်တို့တွေ တစ်ယောက်ယောက်ကို ဆေးရုံကို အမြန်ဆုံးပို့ပေးဖို့ ကားတစ်စီးကို အသုံးပြုနိုင်တယ်။ ဒါမှမဟုတ် ကျွန်တော်တို့ တစ်ယောက်ယောက်ကို ဆေးရုံပို့နေချိန် ကားကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို မတော်တဆ တိုက်မိနိုင်တယ်။ အဲဒါကြောင့် ဒါကို ကျွန်တော်တို့ ဘယ်လိုအသုံးပြုမလဲဆိုတာဖြစ်ပါတယ်”ဟု ကန်ညေးက ဆိုသည်။

ထိုစဉ် ကင်က မကြာသေးမီအချိန်က ၎င်းအပေါ် အခြားလူများ မည်ကဲ့သို့ တွေးထင်မည်ကို ဂရုမစိုက်ကြောင်း ပြောကြားခဲ့ သည်။

ယခုနှစ်အစောပိုင်းက ဟာသအနုပညာ ရှင်ဖိဒေးဗစ်ဆန်နှင့် လမ်းခွဲခဲ့သည့် ကင်က ၎င်း၏မိသားစုကို ကူညီပေးရန်ကြိုးပမ်းမှုနှင့် အတူ ပြင်ပမှဝေဖန်သံများကို မည်ကဲ့သို့ဖြေ ရှင်းရမည့်နည်းကို သင်ယူခဲ့သည်ဟု ပြောကြားခဲ့သည်။

“ပြင်ပဝေဖန်မှုတွေရှိနေပေမဲ့လည်း ကျွန်မတို့မိသားစုက တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးကြပါတယ်”ဟုကင်က ပြောကြားခဲ့သည်။

Most Read

Most Recent