ဟွမ်ဘင်း၊ ယွန်းအာ၊ ဒန်နီယယ်ဟန်နေတို့ပါဝင်သည့် Confiedntial Assignment 2 ကို ရုပ်ရှင်ရုံများတွင် လာရောက်ကြည့်ရှုသူ ငါးသန်းကျော်ခဲ့

ဟွမ်ဘင်း၊ ယွန်းအာ၊ ဒန်နီယယ်ဟန်နေတို့ပါဝင်သည့် Confiedntial Assignment 2 ကို ရုပ်ရှင်ရုံများတွင် လာရောက်ကြည့်ရှုသူ ငါးသန်းကျော်ခဲ့
Photo : Soompi
Photo : Soompi
Published 24 September 2022

Confiedntial Assignment 2:International ရုပ်ရှင်သည် ကိုရီးယား Box Office တွင် သမိုင်းမှတ်တိုင်တစ်ရပ်ကို စံချိန်တင် ရောက်ရှိခဲ့သည်။

Confiedntial Assignment 2 ရုပ်ရှင်သည် ရုပ်ရှင်ရုံများတွင် လာရောက်ကြည့်ရှုသူ ငါးသန်းကျော်ရှိလာကြောင်း ကိုရီးယား ရုပ်ရှင်အစည်းအရုံးက စက်တင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ထုတ်ပြန်ကြေညာခဲ့သည့်အတွက် ယင်းရုပ်ရှင်သည် ရုံတင်ပြသသည့် ၁၆ ရက်အောက်လျော့နည်း သည့်အချိန်အတွင်း ကြည့်ရှုသူ ငါးသန်းအထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

Confiedntial Assignment 2 သည် ယခုနှစ်အတွင်း The Roundup(The Out Law 2) နှင့် Hansan: Rising Dragon ရုပ် ရှင်ပြီးနောက် ယင်းစံချိန်ကို ရောက်ရှိခဲ့သည့် တတိယမြောက် ကိုရီးယားရုပ်ရှင်ဖြစ်လာခဲ့သည်။

Confiedntial Assignment 2 ၏ အောင်မြင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းရုပ်ရှင်၏ သရုပ်ဆောင်များဖြစ်သော ဟွမ်ဘင်း၊ ယွန်းအာ၊ ဒန်နီယယ်ဟန်နီ၊ ယူးဟေးဂျင်နှင့် ဂျင်ဆွန်းဂယူတို့က ဒါရိုက်တာ လီဆော့ဟွန်းနှင့် အတူတကွစုဝေး၍ အုပ်စု လိုက်ဓာတ်ပုံတစ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းရုပ်ရှင်၌ ဟွမ်ဘင်းသည် မြောက်ကိုရီးယားစုံထောက် ရင်ချူယောင်းနေရာမှ သရုပ်ဆောင်ထားပြီး ယူးဟေးဂျင်က တောင် ကိုရီးယားစုံထောက် ကန်ဂျင်တေးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းရုပ်ရှင် သည်မူလ Confiedntial Assignment ၏နောက်ဆက်တွဲရုပ်ရှင်ဖြစ်သည်ဟု သိရသည်။

Most Read

Most Recent