■ ဝက်စ်ဟမ်းအသင်း၏ အားကစားဒါရိုက်တာအဖြစ် နိုဘယ် ဆောင်ရွက်မည်     

■ ဝက်စ်ဟမ်းအသင်း၏ အားကစားဒါရိုက်တာအဖြစ် နိုဘယ် ဆောင်ရွက်မည်     
Photo: Getty Images
Photo: Getty Images
Published 23 September 2022

ပြီးခဲ့သည့်မေလက ကစားသမားဘဝမှ အနားယူခဲ့သည့် ဝက်စ်ဟမ်းအသင်း၏ ကွင်းလယ်ကစားသမားဟောင်း မာ့ခ်နိုဘယ်သည် အသင်း၏ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မာ့ခ်နိုဘယ်သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၂)ရက်နေ့၌ အားကစားဒါရိုက်တာရာထူးကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း ဝက်စ်ဟမ်းအသင်းက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ 

နိုဘယ်က အသင်းသို့ပြန်လာရမည်ကို ပျော်ရွှင်ဝမ်းမြောက်မိပြီး ကြီးကျယ်ခမ်းနားသည့် အခွင့်အရေးတစ်ခုဟု ပြောကြားခဲ့သည်။

အသက် (၃၅) နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း မာ့ခ်နိုဘယ်သည် ဝက်စ်ဟမ်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ဝက်စ်ဟမ်းအသင်းတွင် ကစားခဲ့သူဖြစ်သည်။ 

၎င်းသည် ဝက်စ်ဟမ်းအသင်းတွင် ၂၀၀၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကစားခဲ့ပြီး ပြီးခဲ့သည့်ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။ 

Most Read

Most Recent