ကေပေါ့ပ်ကိုစိတ်ဝင်စားသည့်လူငယ်များအတွက် YG Entertainment ကုမ္ပဏီက စင်ကာပူတွင် လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်

ကေပေါ့ပ်ကိုစိတ်ဝင်စားသည့်လူငယ်များအတွက် YG Entertainment ကုမ္ပဏီက စင်ကာပူတွင် လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်
(Photo – Billboard)
(Photo – Billboard)
Published 22 September 2022

၂၀၂၂ ကမ္ဘာလှည့်လူတွေ့စစ်ဆေးမှု အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ကေပေါ့ပ်ဖျော်ဖြေရေးကုမ္ပဏီ YG Entertainment က စင်ကာပူတွင် လူတွေ့စစ်ဆေးမှုများပြု လုပ်မည်ဖြစ်သည်။

ကေပေါ့ပ်အိပ်မက် အကောင်အထည်ဖော်လိုသူများအတွက် ကြီးမားသည့်အခွင့်အရေးပင်ဖြစ်ပြီး လျှောက်လွှာတင်မှုများကို စက်တင်ဘာ ၂၁ ရက်မှစတင်ကာ အောက်တိုဘာ ၂၃ ရက်အထိ ခွင့်ပြုထားမည်ဖြစ်သည်။ စင်ကာပူလူတွေ့စစ်ဆေးမှု ပထမအဆင့်ကို နိုဝင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ၊ ဒုတိယအဆင့်စစ်ဆေးမှုကို နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ သတ်မှတ်ထားသည်။

လျှောက်ထားသူများသည် ၂၀၀၃ ခုနှစ် မှ ၂၀၁၂ ခုနှစ်အတွင်း မွေးဖွားသူဖြစ်ရမည် ဆိုသည့်အတွက် အသက် ၁၀ နှစ်အရွယ်များလည်း အကျုံးဝင်သည်။ ဂူဂဲလ်ဖောင်မှတစ်ဆင့်လျှောက်ထားရခြင်းဖြစ်ပြီး ကိုရီးယားအသက် ၁၄ နှစ်(နိုင်ငံတကာအသက်စနစ်ဖြင့် ၁၃ နှစ်)အောက်ဖြစ်ပါက တရားဝင်တာဝန်ရှိသူတစ်ဦး၏ သဘောတူခွင့်ပြုမှု ပါ၊မပါကို ဖောင်ပေါ်တွင် ဖော်ပြပေးရမည်။

ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် လူတွေ့စစ်ဆေးခြင်းအတွက် အဆို၊ ရက်ပ်၊ အက, ကဏ္ဍသုံးခုထဲမှ နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင်သည်။ YG Entertainment ဆိုသည်မှာ Big Bang ၊ iKON နှင့် Blackpink ကဲ့သို့ ဒိတ်ဒိတ်ကြဲအောင်မြင်နေသည့် ကေပေါ့ပ်အဖွဲ့များကို မွေးထုတ်ပေးထားသည့်အေဂျင်စီဖြစ်ပြီး 2NE1၊ PSY တို့လည်း YG နှင့် ယခင်ကလက်တွဲခဲ့ကြသည်။

ကေပေါ့ပ်လောကသည် အရည်အချင်းရှိလူငယ်များကို ရှာဖွေပျိုးထောင်ပေးသည့် နယ်ပယ်အဖြစ်ထင်ရှားပြီး BTS အဖွဲ့ဝင် Jungkook ဆိုလျှင်လည်း Big Hit Entertainment သို့ရောက်စဉ်က အသက် ၁၃ နှစ် သာရှိသေးကာ အသက် ၁၅ နှစ်တွင် အနုပညာလမ်းပေါ် စလျှောက်ခဲ့သည်။ BoA သည်  အသက် ၁၁ နှစ်ဖြင့် SM Entertainment သို့ရောက်ခဲ့ပြီး အသက် ၁၃ နှစ်ဖြင့် အသက် အငယ်ဆုံးကေပေါ့ပ်အဆိုတော်ဖြစ်ခဲ့သည်။ ဂျီဒရက်ဂွန်ဆိုလျှင်လည်း YG သို့မပြောင်းမီ SM အေဂျင်စီသို့ရောက်စဉ်က ၁၁ နှစ်သာရှိသေးသည်။ YG ၏ လူတွေ့စစ်ဆေးမှုများကို မလေးရှားတွင် ပြုလုပ်ပြီးပြီဖြစ်ပြီး အင်ဒိုနီးရှားနှင့်ထိုင်ဝမ်လည်း လူတွေ့စစ်ဆေးမည့် နေရာများထဲပါဝင်သည်။

Most Read

Most Recent