The Woman King ရုပ်ရှင်က မြောက်အမေရိက Box Office တွင် ထိပ်ဆုံး၌ရပ်တည်

The Woman King ရုပ်ရှင်က မြောက်အမေရိက Box Office တွင် ထိပ်ဆုံး၌ရပ်တည်
Published 19 September 2022

မင်းသမီး ဗိုင်အိုလာဒေးဗစ် ဦးဆောင်သည့် အက်ရှင်ရုပ်ရှင်ဇာတ်ကားဖြစ်သည့် The Woman King သည် ရုံတင်ပြသသည့် ၎င်း၏ ပထမဆုံးသီတင်းပတ်ကုန်အတွင်း မြောက်အမေရိက Box Office တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

ဂျီနာပရင့်စ်ဘိုင်သယ်ဝုဒ် ရိုက်ကူးထားသည့် ယင်းရုပ်ရှင်သည် မျှော်မှန်းထားသည့် ဝင်ငွေပမာဏထက် ကျော်လွန်ခဲ့ပြီး လက်မှတ်ရောင်းချငွေဒေါ်လာ ၁၉ သန်းရရှိခဲ့သည်ဟု Sony ကုမ္ပဏီက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

The Woman King ရုပ်ရှင်ကို Sony နှင့် TriStar ကုမ္ပဏီတို့က ထုတ်လုပ်ခဲ့ပြီး ရိုက်ကူးရေးအသုံးစရိတ် ဒေါ်လာသန်း ၅၀ ရှိသည်။

၁၈၀၀ ပြည့်နှစ်များအတွင်း အနောက်အာဖရိကရှိ Dahomey နိုင်ငံ၏အမျိုးသမီး စစ်တပ်ခေါင်းဆောင် Agojie အကြောင်း ရိုက်ကူးထားသည့် ယင်းရုပ်ရှင်သည် တိုရွန်တိုရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသခဲ့ပြီးနောက် ကောင်းမွန်သည့် မှတ်ချက်ပေါင်းများစွာကို ရရှိခဲ့သည်။

ယင်းရုပ်ရှင်သည် လက်ရှိတွင် ရုပ်ရှင်အကဲဖြတ်ဝက်ဘ်ဆိုဒ်ဖြစ်သည့် Rotten Tomatoes တွင် ကြိုက်နှစ်သက်သူ ၉၄ ရာခိုင်နှုန်းရှိသည်။

20th Century Studios က ထုတ်လုပ်သည့် ထိတ်လန့်ဖွယ်ရုပ်ရှင် Barbarian သည် ၎င်း၏ ဒုတိယမြောက်သီတင်းပတ်ကုန်အတွင်း ဝင်ငွေဒေါ်လာ ၆.၃ သန်းရရှိကာ ဒုတိယနေရာတွင် ရပ်တည်နေသည်။

၁၉၅၀ ဝန်းကျင်က Saoirse Ronan နှင့် Sam Rockwell တို့နှင့်အတူ လူသတ်လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင် See How They Run သည် ခန့်မှန်းခြေဝင်ငွေဒေါ်လာ ၃.၁ သန်းရရှိခဲ့သည်။ တီဝက်စ်၏ Pearl ရုပ်ရှင်သည် ဒေါ်လာ ၃.၁ သန်း ရရှိထားသည်။

Most Read

Most Recent