ဗင်နီဇွဲလားနိုင်ငံရှိ ကိုရီးယားသံရုံးက ဆူရီနိမ်းနိုင်ငံရှိ ကိုရီးယားနိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် အရေးပေါ်သတိပေးချက် ထုတ်ပြန်

ဗင်နီဇွဲလားနိုင်ငံရှိ ကိုရီးယားသံရုံးက ဆူရီနိမ်းနိုင်ငံရှိ ကိုရီးယားနိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် အရေးပေါ်သတိပေးချက် ထုတ်ပြန်
Photo: ALLKPOP
Photo: ALLKPOP
Published 17 September 2022

နာမည်ကျော်ဒရာမာ ဇာတ်လမ်းတွဲတစ်ခု၏အမည်ကြောင့် ဆူရီနိမ်းနိုင်ငံရှိ ကိုရီးယားနိုင်ငံသားများ အန္တရာယ်ဖြင့် ရင်ဆိုင်ရဖွယ်ရှိနေပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုများရှိလာနိုင်သဖြင့် ယင်းနိုင်ငံတွင်နေထိုင်သည့် ကိုရီးယားနိုင်ငံသားများအနေဖြင့် သတိထားနေထိုင်ကြရန် ဗင်နီဇွဲလားနိုင်ငံရှိ ကိုရီးယားသံရုံးက တိုက်တွန်းခဲ့သည်။

“ဆူရီနိမ်းမှာနေထိုင်ကြတဲ့ ကိုရီးယားနိုင်ငံသားတွေအနေနဲ့ Narco-Saints(ဆူရီနိမ်းရှိ ကိုရီးယားနိုင်ငံသားများ) အမည်ဖြင့် ဒရာမာဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးနောက်မှာ အခက်အခဲတွေရင်ဆိုင်ရဖွယ်ရှိနေပါတယ်” ဟု ကိုရီးယားသံရုံးက ၎င်း၏ဝက်ဘ်ဆိုဒ်တွင် စက်တင်ဘာ ၁၄ ရက်၌ သတိပေးခဲ့သည်။

ဆက်လက်ပြီး ကိုရီးယားသံရုံးက “ကိုရီးယားသံရုံးအနေနဲ့ ဆူရီနိမ်းနိုင်ငံမှာရှိတဲ့ ကိုရီးယားနိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အထူးစိုးရိမ်နေပြီး သူတို့ရဲ့ ဘေးကင်းရေးအတွက် အကောင်းဆုံးဆောင်ရွက်သွား မှာဖြစ်ပါတယ်”ဟု ဆိုသည်။

ဆူရီနိမ်းနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် ၎င်းတို့၏ ဘေးကင်းရေးအတွက် သတိထားကြရန် သံရုံးကတိုက်တွန်းထားပြီး ၎င်းတို့အနေဖြင့် စိုးရိမ်ဖွယ်ကိစ္စတစ်စုံတစ်ရာ သို့မဟုတ် အကူအညီ တစ်စုံတစ်ရာလိုအပ်လာလျှင် ကိုရီးယားအဖွဲ့ဥက္ကဋ္ဌကို ချက်ချင်းဆက်သွယ်ကြရန်လည်း တိုက်တွန်းခဲ့သည်။

ကိုရီးယားနှင့် ဆူရီနိမ့်နိုင်ငံတို့သည် ၁၉၇၅ ခုနှစ်က သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး လက်ရှိတွင် ဗင်နီဇွဲလားနိုင်ငံရှိကိုရီးယားသံရုံးသည် ဆူရီနိမ်းအတွက် တာဝန်ခံအဖြစ် ဆောင်ရွက်နေသည်။

အစောပိုင်းက ဆူရီနိမ်းဝန်ကြီးဌာနတစ်ခုက Netflix ၏ ဒရာမာဇာတ်လမ်းတွဲ Narco-Saints ကိုဆန့်ကျင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပြီး ယင်းဒရာမာဇာတ်လမ်းတွဲသည် ၎င်းတို့နိုင်ငံအား အနုတ်လက္ခဏာဆောင်သည့်ပုံရိပ်ကို ဖော်ကျူးထားသည်ဟုဆိုသည်။

မကြာသေးမီက ဆူရီနိမ်းနိုင်ငံခြားရေးဝန်ကြီး အဲဘတ်ရမ်ဒင်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး“ဆူရီနိမ်းဟာ မူးယစ်နဲ့ဆက်နွှယ်တဲ့ ပုံရိပ်ကာလကြာရှည်မရှိခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ Narco-Saints ဒရာမာဇာတ်လမ်းတွဲကို ဆန့်ကျင်ကြောင်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Most Read

Most Recent