ဗီယက်နမ်မိန်းကလေးအဆိုတော်အဖွဲ့ DREAMeR  ကေပေါ့ပ်အဖွဲ့ BLACKPINK ကိိုလိုက်တုနေသဖြင့် ဝေဖန်ခံရ

ဗီယက်နမ်မိန်းကလေးအဆိုတော်အဖွဲ့ DREAMeR  ကေပေါ့ပ်အဖွဲ့ BLACKPINK ကိိုလိုက်တုနေသဖြင့် ဝေဖန်ခံရ
Photo: Koreaboo
Photo: Koreaboo
Published 15 September 2022

ဗီယက်နမ်မိန်းကလေးအဆိုတော်အဖွဲ့ DREAMeR မှအဖွဲ့ဝင် MiiNA သည် ယခင်ကတည်းက BLACKPINK အဖွဲ့ဝင် Rose ဝတ်စားသည့်စတိုင်လ်အတိုင်း လိုက်ဝတ်တတ်သူအဖြစ် သတိထားခံနေရသူဖြစ်သည်။ ယခုလည်း DREAMeR အဖွဲ့၏ တစ်ကျော့ပြန်ဂီတလှုပ်ရှားမှုများကို ကြေညာသည့်ပို စတာပုံများသည် BLACKPINK နှင့်တူနေသည်ကို ပရိသတ်များက သတိထားမိခဲ့ကြသည်။

DREAMeR အဖွဲ့၏ ပိုစတာပုံတွင် ပုံထိပ်ပိုင်း၌ ပန်းရောင်စာလုံး၊ လျှပ်စီးပုံများသုံးထားခြင်းက BLACKPINK အတိုင်းပင် ဖြစ်သည်။

BLACKPINK ၏ Born Pink ကမ္ဘာလှည့်ဖျော်ဖြေပွဲကြော်ငြာပုံတွင်လည်း ထိပ်ပိုင်း၌  ပန်းရောင်စာလုံးနှင့် ပန်းရောင်အစွယ် နှစ်ချောင်းပါသည်။

ထိုတင်မကသေး။ DREAMeR အဖွဲ့က နောက်ထပ်အဖွဲ့ဝင်သစ် Boa Uyen ကို မိတ်ဆက်ချပြရာတွင်လည်း ၎င်းမိန်းကလေးကို မိတ်ဆက်သည့်ပိုစတာပုံသည် လီဆာ၏  Pink Venom ပိုစတာပုံနှင့် ချွတ်စွပ်နီးပါး တူနေသည်ကို BLINKS(BLACKPINKပရိသတ်)များက ထောက်ပြဝေဖန်နေကြသည်။

Boa Uyen သည် ဆံပင်ပုံ၊ မျက်ကပ်မှန်၊  နှုတ်ခမ်းနီအရောင် လီဆာနှင့်ဒီဇိုင်းကာလာ ဟန်ပန်အားလုံး တူအောင်လုပ်ထားသည့်အပြင် DREAMeR တည်းဖြတ်ရေးအဖွဲ့က မှန်ကွဲပုံ effect ပါထည့်ထားသေးသည်က ဆိုးဝါးလှသည်။

ခိုးချထားသည်များကို သည်းမခံနိုင်တော့သည့်အဆုံး BLINKS များက  ၎င်းအဖွဲ့ကို BLACKPINK  အားခိုးချနေသည့် အဖွဲ့ဟု ထုတ်ပြောလာကြပြီး YG Entertainment ကို ဆက်သွယ်ကာ ထိုကိစ္စကိုင်တွယ်ရန် တောင်းဆိုထားကြသည်။YG ဘက်ကမူ ယခုထိတစ်စုံတစ်ရာ တုံ့ပြန်လာခြင်းမရှိသေးပေ။

BLACKPINK  ၏ Born Pink ကမ္ဘာလှည့်ဖျော်ဖြေမှုကို အောက်တိုဘာ ၁၅ ရက် နှင့် ၁၆ ရက်တွင် ဆိုးလ်၌ စတင်သွားမည်ဖြစ်ပြီး မြောက်အမေရိက၊ ဥရောပ၊ အာရှတို့ကိုလှည့်လည်ကာ ၂၀၂၃ ခုနှစ်၊ ဇွန်တွင်ဖျော် ဖြေမှုများ အဆုံးသတ်မည်ဖြစ်သည်။မကြာသေးမီက VMAs ဆုပေးပွဲတွင် သူတို့အဖွဲ့က Pink Venom သီချင်းတင်ဆက်ခဲ့သည်။

Most Read

Most Recent