ယူကရိန်းစစ်ပွဲကြောင့် Sony Music ကုမ္ပဏီ ရုရှားမှ ထွက်မည်

ယူကရိန်းစစ်ပွဲကြောင့် Sony Music ကုမ္ပဏီ ရုရှားမှ ထွက်မည်
Published 13 September 2022

ယူကရိန်းစစ်ပဋိပက္ခကြောင့် ဆိုနီဂရု(ပ်)ကော်ပိုရေးရှင်းက ၎င်းအပိုင်တေးဂီတ စီးပွားရေးလုပ်ငန်းကို ရုရှားမှ ထွက်ခွာခိုင်းလိုက်ပြီဖြစ်သည်။

“စစ်ကြောင့် ယူကရိန်းမှာ စိတ်မချမ်းမြေ့ဖွယ် လူသားချင်း အကျပ်အတည်းဒုက္ခတွေ ဆက်ဖြစ်နေတဲ့အတွက်ရော၊ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးလာတဲ့အတွက်ပါ ရုရှားမှာဆက်ပြီးနေဖို့ မဖြစ်နိုင်တော့လို့ပါ” ဟု Sony Music က ထုတ်ပြန်သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်လိုက်ပြီးနောက် ယခုနှစ်အစောပိုင်းကတည်းက ဆိုနီဂီတလုပ်ငန်းများ ရုရှားတွင် ဆိုင်းငံ့ထားသည်။

ဆိုနီက ဂိမ်း၊ ဂီတ၊ ရုပ်ရှင်နှင့် အီလက်ထရွန်နစ်လုပ်ငန်းများ ရုရှားတွင် လည်ပတ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီတွင် ယူကရိန်းကျူးကျော်ခံရပြီးနောက်ပိုင်း ရုရှားရှိ စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်သည်။

Most Read

Most Recent