ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားများကို ၂၀၃၇ ခုနှစ်အထိ ရိုက်ကူးထုတ်လုပ် ပြသသွားမည်

ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားများကို ၂၀၃၇ ခုနှစ်အထိ ရိုက်ကူးထုတ်လုပ် ပြသသွားမည်
(Photo : A1 Jazeera)
(Photo : A1 Jazeera)
Published 24 August 2022

ဂျိမ်းစ်ဘွန်းရုပ်ရှင်ပရိသတ်များအနေဖြင့် ဘွန်းဇာတ်ကားများကို ၂၀၃၇ ခုနှစ်တိုင်သည်အထိ ငွေရောင်ပိတ်ကားထက်များပေါ်တွင် ကြည့်ရှုခံစားရမည်ဖြစ်သည်။

ဂျိမ်းစ်ဘွန်းဇာတ်ကားကို ၁၉၆၂ ခုနှစ်က စတင်ရိုက်ကူးလာခြင်းဖြစ်ပြီး ဇာတ်ကားဖန်တီးသူများက ဘွန်းဇာတ်ကားများဆက် လက်ရိုက်ကူးထုတ်လုပ်ရန် အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ဝမ်းနားဘရော့စ်နှင့် စာချုပ်ချုပ်ထားသည်ဟု သတင်းများထွက်ထားသည်။

နောက်ရိုက်မည့်ဇာတ်ကားများတွင် ဘွန်းဇာတ်ကောင်ကို အသက် ၇၅ နှစ်အရွယ်အထိ မြင်တွေ့ရမည်ဖြစ်သည်။

သို့သော်ဗြိတိန်သရုပ်ဆောင် အစ်ဒရစ်အယ်လ်ဘာက နောက်လာမည့် MI6 အေးဂျင့် 007 အဖြစ်သရုပ်ဆောင်ရန် ငြင်းဆန်ထားသည့်အတွက် ၎င်းနေရာကို မည်သည့် မင်းသားသရုပ်ဆောင်မည်ကို အတည်မပြုနိုင်သေးပေ။

အသက် ၄၉ နှစ်အရွယ်ရှိ အယ်လ်ဘာသည် ဘွန်းဇာတ်ကောင်အတွက် တစ်ပြေးနေသူများထဲတွင် ပါနေသော်လည်း လက်ရှိသူက အခြားဇာတ်ကောင်များကိုသာ စိတ်အားထက်သန်နေပြီး ဘွန်းဇာတ်ကောင်နှင့်အလိုက်ဖက်ဆုံးဖြစ်နိုင်သည့် သရုပ်ဆောင်မင်းသားများ၏အမည်များကို ထုတ်လုပ်သူများထံသို့ အကြံပြုထားသည်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားများသည် ဟောလိဝုဒ်တွင် အအောင်မြင်ဆုံးရုပ်ရှင်များထဲ ပါဝင်ပြီး ၂၀၁၅ ခုနှစ်ကရုံတင်သည့် Spectre သည် ကမ္ဘာတစ်ဝန်း box office ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၈၈၀ ရခဲ့ကာ ၂၀၁၂ ခုနှစ်က Skyfall ရုပ်ရှင်သည် ဒေါ်လာတစ်ဘီလျံကျော်အထိရခဲ့သည်။ No Time To Die က နောက်ဆုံးဘွန်းရုပ်ရှင်ကားဖြစ်သည်။

Most Read

Most Recent