ကျွန်တော် ကတော့
Mic &Stun Mediaတို့ရဲ့ Founder တစ်ဦးဖြစ်ပြီးမီးမီးမွှေး ထုတ်လုပ်ရေး ကို လုပ် ကိုင်လျက်ရှိပါတယ်

ရိုက်ကူးပြီးတဲ့ဇာတ်လမ်းတွဲ
ဂယက်ဆိုင်
ညီမလေးတစ်ယောက်ကောက်ရထားသည်
စိမ့်စမ်းခ
နွေလယ်ဦးရဲ့တန်ခူးဧည့်သည်
ဆည်းဆာစိမ်းစိမ်း
movies
တိမ်နဲ့ရေးတဲ့အရုပ်
အစေခံ စတဲ့ ဇာတ်လမ်း များ ကို ထုတ်လုပ်ရိုက်ကူးထားပါတယ်

ကိုဗစ်ကာလထဲက ကိုဗစ်တွေ မဖြစ်ခင်ကတည်းက စပြီး ဇာတ်လမ်း၊ဇာတ်ညွန်းတွေ အများကြီးရိုက်ဖို့ တင်ထားတာ သေချာလေး ရိုက်ဖို့အတွက်ကို နယ်မှာပြဖို့အတွက်ကို မြန်မာပြည်မှာ ဇာတ်လမ်းတွဲတွေ ခေတ်စားလာတဲ့အချိန်မှာ မြန်မာပြည်မှာ ဇာတ်လမ်းအရှည်ရိုက်ဖို့အတွက် တည်ထားတာပါ ဒမာ တွေနဲ့ ရိုမန် ဒမာတွေကိုပဲ မီးမီးမွှေးက ထုတ်သွားမှာပါ

ဇာတ်လမ်းတွဲတွေဟာ သရုပ်ဆောင် အသစ်ရယ်လို့ သရုပ်ဆောင် အဟောင်းရယ်လို့ မရှိပါဘူး သရုပ်ဆောင်အသစ်မှာက တကယ်တမ်း ကြိုးစားတဲ့သူနဲ့ တွေ့လိုရှိရင် တကယ်တမ်း ကြိုးစားရင် အဆင်ပြေအောင်မြင်နိုင်ပါတယ်
ထုတ်လုပ်ရေး အနေဖြင့်လည်း ရှေ့ဆက် ရပ်တည်သွားဖို့ရှိပါတယ် ဒါပေမယ့် အခုအချိန်မှာတော့ အားလုံး အဖတ်ဖတ်ကနေ ခက်ခဲယိုယွင်းနေတဲ့အချိန်မှာ တော်တော်လေးကို ရုန်းကန်ရပါတယ် ဒီထုတ်လုပ်ရေးတစ်ခုလုံးကို မပြိုလဲသွားအောင် ထိန်းသိမ်းပြီးတော့ကို ရုန်းကန်နေရတာပါ
လက်ရှိထုတ်လုပ်ရေးတွေရဲ့ အခက်အခဲကတော့ ပြသမယ့် ပလက်ဖောင်းမရှိတာပေါ့ ထုတ်လုပ်ရေးတွေအတွက် ရပ်တည်နိုင်ဖို့ အတွက်က ပလက်ဖောင်းတွေ များများရှိပြီးတော့မှ ထုတ်လုပ်တဲ့သူတွေ လာရောက်ပြသတဲ့ လူတွေ အကုန်လုံးက ကြိုဆိုမှ အဆင်ပြေမှပါ မဟုတ်လိုရှိရင် ကျွန်တော်တို့အားလုံး ပြိုလဲသွားဖို့ရှိပါတယ်










