အပူပိုင်းမုန်တိုင်းသည် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ်ရောက်ရှိနိုင်ပြီး အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတွင် မိုးကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

အပူပိုင်းမုန်တိုင်းသည် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ်ရောက်ရှိနိုင်ပြီး အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတွင် မိုးကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်
ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် မြေပြိုမှုဖြစ်ပေါ်ခဲ့စဉ်
ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် မြေပြိုမှုဖြစ်ပေါ်ခဲ့စဉ်
Published 10 August 2022

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းသည် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ်ရောက်ရှိနိုင်ပြီး အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတွင် မိုးကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သြဂုတ် ၁၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ထူးခြားမိုးလေဝသဖြစ်စဉ်အနေဖြင့် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “မူလန်(Mulan)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး သြဂုတ် ၁၁ ရက်တွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အဆိုပါ အပူပိုင်းမုန်တိုင်း “မူလန် (Mulan)၏အရှိန်ကြောင့် သြဂုတ် ၁၁ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်  ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Most Read

Most Recent