မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက်ကျဆင်းမှု၊ ထိုင်းဘတ်ငွေ လဲလှယ်နှုန်းမတည်ငြိမ်မှုများကြောင့် Online Shopping ရောင်းချသူအများစု ခေတ္တအရောင်းရပ်နားထားရကြောင်းသိရ

Published 8 August 2022

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှု၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းမတည်ငြိမ်မှုများကြောင့် Online Shopping ရောင်းချသူအများစု ခေတ္တအရောင်းရပ်နားထားရကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် ယင်းသို့ မြန်မာကျပ်ငွေတန်ဖိုး လျင်မြန်ဆိုးရွားစွာ ကျဆင်းနေမှုကြောင့် ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများမှာယူကာ အွန်လိုင်းတွင် အရောင်းပိုစ့်တင်ရောင်းချနေသည့် အွန်လိုင်းအရောင်းစျေးဆိုင်အချို့မှာ ရောင်းချမှုရပ်နားထားရကြောင်း သိရသည်။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် နိုင်ငံခြားငွေအသီးသီး၏ ငွေကြေးလဲလှယ်မှုမှာ လျင်မြန်စွာပြောင်းလဲနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအွန်လိုင်းစျေးကွက်တွင် အိမ်နီးချင်းထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ မှာယူကာ အွန်လိုင်းတွင် အရောင်းပိုစ့်တင်ရောင်းချနေသည့် အွန်လိုင်းအရောင်းစျေးဆိုင်အများစုမှာ ဘတ်ငွေတန်ဖိုး မတည်ငြိမ်မှုများကြောင့် အခက်ခဲများရင်ဆိုင်နေရခြင်းဖြစ်ကာ ရောင်းချမှုရပ်နားထားသည်အထိ ကြုံတွေ့နေရကြောင်း သိရသည်။

“အခုဆို အစ်မဘာမှတောင်မရောင်းဘူး။ အကုန်ရပ်ထားတယ်။ မှာထားတာနဲ့ ရောင်းရတာနဲ့က မကိုက်တော့ဘူးလေ။ အစ်မတို့က ထိုင်းနိုင်ငံက ပစ္စည်းတွေကို အများဆုံးမှာပြီး ရောင်းတာပါ။ အခုမြန်မာငွေစျေးကျတာက ဆက်တိုက်ဖြစ်နေတာ။ ဥပမာဆိုရင် မနက်ပိုင်းမှာ ထိုင်းဘတ်ငွေ တစ်ဘတ်ကို ကျပ် ၇၀ ဆိုရင် ညနေကျ ၇၅ အဲဒီလိုဖြစ်သွားတာ။ ပစ္စည်းထပ်မှာဖို့က အဆင်မပြေတော့ဘူးလေ။ ပြီးတော့ Pre Order ကောက်ပြီး ရောင်းတာဖြစ်တဲ့အတွက် အစ်မတို့က ၆၂ ကျပ်၊ ၆၃ ကျပ်နဲ့တွက်ပြီး ရောင်းထားတာ။ ပစ္စည်းမှာတော့ စျေးက ၇၀ တို့၊ ၇၅ တို့ဖြစ်သွားတဲ့အခါကျ စျေးကတော်တော် ဟသွားပြီလေ။ တစ်ဘတ်ကိုလေ ၁၀ ကျော် လောက်ဟသွားတော့ အများနဲ့ကျတော့ အဆင်မပြေတော့ဘူး။ အရင်က ပုံမှန်ဖြစ်နေတာဆိုတော့ အလုပ်လုပ်လို့ရတယ်။ ဘတ်စျေးတက်မယ်ဆို တက်လို့ရတယ်။ ဥပမာ ၆၀ ကနေ ၆၅ ကျပ်တက်ပေမယ့် ငွေစျေးက ငြိမ်နေရင် အစ်မတို့က အလုပ်လို့ရတယ်။ အခုကမဟုတ်ဘူး။ မနက်မှာ ၆၅၊ ညနေကျ ၇၅ ဆိုတော့ အစ်မတို့က အလုပ်လုပ်ဖို့က တော်တော်လေးကို ခက်ပါတယ်” ဟု ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ မှာယူကာ အွန်လိုင်းတွင် အရောင်းပိုစ့်တင်ရောင်းချနေသည့် အွန်လိုင်းစျေးရောင်းသူတစ်ဦးက ပြောကြားသည်။

လက်ရှိကာလတွင် ငွေစျေးနှုန်း မတည်ငြိမ်မှုကြောင့် အွန်လိုင်း Shop အများစုမှာ အရောင်းခေတ္တရပ်နားထားခြင်း၊ စျေးဝယ်သူနည်းပါးမှုကြောင့် ရောင်းအားကျဆင်းများ ရင်ဆိုင်နေရခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံရှိ ပြည်သူအများစုမှာလည်း ကုန်စျေးနှုန်းအဖက်ဖက်မှ မြင့်တက်မှုအား အလူးအလဲခံစားနေရပြီး စားသောက်ရေးမှအပ မလိုအပ်သည့်နေရာများတွင် ငွေကြေးသုံးစွဲမှုအား လျှော့ချနေရခြင်းကြောင့် ယခုကဲ့သို့ Online Shop များ အရောင်းပါးမှု ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။        

“ကျွန်မက ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို အဝတ်အထည်တွေ လက်လီလက်ကား ပြန်ရောင်းပေးနေတာပါ။ အခုက ဘယ်လိုဖြစ်နေလဲဆိုရင်အရင်က ၆၀၀၀ ကျပ်လောက်နဲ့ ရောင်းပေးနေရတဲ့ အထည်တစ်ထည်က အခုဆို ၇၀၀၀ ကျော် ၈၀၀၀ ကျော်စျေးပြောင်း ပြီးရောင်းပေးလိုက်ရတာဖြစ်တဲ့အတွက် စျေးဝယ်သူနည်းပြီး ရောင်းအားကျသွားတာပါ” ဟု သူမရင်ဆိုင်နေရသည့် အခက်အခဲအား ပြောပြခဲ့သည်။

Most Read

Most Recent