၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၂၉၃၁၂၆၉ ကောက်ခံရရှိ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၂၉၃၁၂၆၉ ကောက်ခံရရှိ
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 6 August 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget )ခြောက်လအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၂၉၃၁၂၆၉ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏(ယာယီ) ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွင်း အထူးကုန်စည်ခွန် ကျပ် ၅၇၃၈၅၈ သန်း၊ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၉၃၆၂၉၂ သန်း၊ ဝင်ငွေခွန်ကျပ်သန်း ၁၃၄၉၆၂၄၊ တံဆိပ်ခေါင်းခွန် ၅၃၁၃၀ သန်း၊ အောင်ဘာလေသိန်းဆုခွန် ကျပ်သန်း ၁၁၃၄၇ စသည်ဖြင့် အခွန်အရပ်ရပ်စုစုပေါင်း ကျပ်သန်း ၂၉၃၁၂၆၉ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အခွန် ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ်၄၇၅၉၂ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၉၈၈၆၇ သန်း၊ဝင်ငွေခွန် ကျပ်၂၅၇၉၀၂ သန်း၊တံဆိပ်ခေါင်းခွန် ၉၉၃၁ သန်း၊အောင်ဘာလေသိန်းဆုခွန် ၂၃၇၄ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း အခွန်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၉၄၆၅၇ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၁၆၁၃၈၈ သန်း၊ဝင်ငွေခွန်ကျပ် ၁၀၄၅၈၄ သန်း၊ တံဆိပ်ခေါင်းခွန် ၇၇၀၉ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၇၆၈ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မတ်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၁၄၃၆၉၅ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၆၉၁၄ သန်း၊ ဝင်ငွေခွန်ကျပ် ၃၂၈၁၄၆ သန်း၊ တံဆိပ်ခေါင်းခွန် ၁၃၄၁၃ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၂၂၁၈ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှုစုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန IRD ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏အခွန် ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆  ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ ၅၆၈ သန်းရရှိခဲ့သည်။

နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကျပ် ၃၃၇၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။             

နှစ်စဉ်အထူးကုန်စည်ခွန်ရငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက် တိုဘာမှစက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂  ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ  ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီ မှ စက်တင် ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှမတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent